ရန်ကုန်   ၈  နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများသည် နံနက် (၆)နာရီ မဲရုံစတင်ဖွင့်ချိန် ကတည်းက လာရောက်ဆန္ဒမဲပေးခဲ့ရာ ညနေပိုင်း မဲရုံပိတ်ချိန် (၄)နာရီမတိုင်ခင်အထိ ဆန္ဒမဲများ လာရောက် ထည့်လျက်ရှိပါသည်။ ညနေ (၄) နာရီမဲရုံပိတ်ချိန်တွင် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း တာမွေမြို့နယ်တွင် ဖွင့်လှစ်ထားသော နတ်မောက်ရပ်ကွက် မဲရုံအမှတ်(၁)၊ (၂)၊ (၃)တို့တွင် ကိုယ်စားလှယ်များ စောင့်ကြည့်လေ့လာရေးအဖွဲ့များရှေ့တွင် မဲများရေတွက်လျက်ရှိကြောင်း သိရသည်။

#ရန်ကုန်သတင်းဌာနခွဲ

#MRTV