တာမွေမြို့နယ်တွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

ရန်ကုန်   ၂၅    ဇန်နဝါရီ     

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်း 'ဇွဲ' ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက ပြည်မြန်မာသီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းမြင့်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ 

အခမ်းအနားသို့ တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ပညာရေးဌာန မိသားစုများ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ အလှူရှင်များ၊ ကျောင်းသား/ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)