ရန်ကုန်  ၂၄  ဇူလိုင်     

 

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်နှင့် တာမွေကြီး(ခ)ရပ်ကွက်အတွင်းရှိ ပြည်သူများ အနေဖြင့် သောက်သုံးရေ လုံလောက်စွာရရှိစေရန်အတွက် ကျိုက္ကဆံလမ်းတစ်လျှောက် အရှည် ၃၁၇၅ ပေရှိ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

“အခုလို သက်ဆိုင်ရာဌာနက တာဝန်ရှိသူတွေအနေနဲ့ မြို့နယ်အတွင်း သောက်သုံးရေလုံလောက်စွာ ရရှိသုံးစွဲ နိုင်စေရန် ရေပိုက်လိုင်းကြီးများ သွယ်တန်းပေးတဲ့အတွက် ဝမ်းသာပါတယ်၊ ယခင်ကဆိုရင် ကျွန်တော်တို့ မေတ္တာညွန့်ရပ်ကွက်မှ ပြည်သူတွေအနေနဲ့ ရေသန့်လုံလောက်စွာ မရရှိနိုင်တဲ့အတွက် အဝီစိရေကိုပဲ အားကိုးအားထား ပြုနေရပါတယ်။ ယခုလို သောက်သုံးရေ လုံလောက်စွာရရှိသုံးစွဲနိုင်စေရန် ဆောင်ရွက်ပေး သည့်အတွက် ဝမ်းသာမိကြောင်း” ဒေသခံ ဦးမောင်မောင်ဦးက ပြောသည်။

 

အဆိုပါ သောက်သုံးရေရရှိရေး ရေပိုင်သွယ်တန်းခြင်းလုပ်ငန်းများ ပြီးစီးပါက ဒေသခံပြည်သူများ ယခင်ကထက် သောက်သုံးရေများ ပိုမိုရရှိသုံးစွဲလာနိုင်တော့မှာဖြစ်ကြောင်း သိရသည်။

 

နိုင်လင်းအောင်(ပြန်/ဆက်)