တာမိုးညဲ  ၂  အောက်တိုဘာ

 

 

ရှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညဲမြို့ အခြေခံပညာမူလတန်းလွန်ကျောင်း (ဟိုပုန်) ၌ ကျောင်းသူ ကျောင်းသားများအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကို အောက်တိုဘာ ၂ နံနက် ၁ဝ နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပကြောင်း သိရသည်။

 

 

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထား ထိန်းသိမ်းတတ်စေရန်၊ အမှိုက်များ စနစ်တကျ စွန့်ပစ်တတ်စေရန်အတွက် သဘာဝပတ်ဝန်းကျင် ချစ်ခင်ပြီးထိန်းသိမ်းကြပါစို့ ခေါင်းစဉ်ဖြင့် ကျောင်းသူကျောင်းသားများအား တာမိုးညဲမြို့ ပြန်/ဆက်ဦးစီးမှူး ဒေါ်ဌေးဌေးကြည် နှင့် ကျောင်းအုပ် ဒေါ်ခင်စောဝင်း တို့က  အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

 

 

တာမိုးညဲပြန်/ဆက်