တာမိုးညဲ  ၂၁    ဧပြီ

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တာမိုးညဲမြို့နယ်ခွဲ ပြည်သူ့ဆေးရုံသို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(ကိုဗစ်-၁၉) ကြိုတင် ကာကွယ်ရေးအတွက် အသုံးပြုရန် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို အရှေ့မြောက် တိုင်းစစ်ဌာနချုပ်မှ ဧပြီ(၂၀)ရက်နေ့ နံနက်(၉)နာရီက လာရောက်လှူဒါန်းသည်။

 

အဆိုပါ လှူဒါန်းမှုများတွင် တာမိုးညဲမြို့နယ်ခွဲ ပြည်သူ့ဆေးရုံအတွက် PPEဝတ်စုံ(၂၅)စုံ၊ Surgical Glove(၅)ခု၊ Mask(၇၀)ခု၊ မုံးစီးကျေးရွာအုပ်စု အတွင်းရှိသည့် မုံးစီးတိုက်နယ်ဆေးရုံအတွက် PPEဝတ်စုံ (၂၅)စုံ၊ Surgical Glove(၅)ခု၊ Mask(၇၀)ခုနှင့် မုံးပေါ်တိုက်နယ်ဆေးရုံအတွက် PPEဝတ်စုံ(၂၅)စုံ၊ Surgical Glove(၅)ခု၊ Mask(၇၀)ခု စသည့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက လာရောက်ပေးအပ်လှူဒါန်းရာ   တာမိုးညဲ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာရှိန်ဌေးနှင့် ကျန်းမာရေးဝန်ထမ်းများက လက်ခံရယူသည်။

 

တာမိုးညဲမြို့နယ်ခွဲတွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်မှုများကို အရှိန်အဟုန်မပျက် ဆောင်ရွက် လျက်ရှိပြီး ကြိုတင်ကာကွယ်မှုများကို ဆောင်ရွက်ရာ၌ လိုအပ်သည့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို ဒေသခံ အလှူရှင်အသီးသီးက လာရောက်ထောက်ပံ့ပေးအပ်လျှက်ရှိကြောင်း သိရသည်။

 

ဌေးဌေးကြည်(ပြန်/ဆက်)