တာမိုးညဲ  ၁၆  ဧပြီ  

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့တွင် ပုံမှန်ဝင်ငွေမရှိသူ အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန် ငါးမျိုးအား ဧပြီ ၁၆ ရက်နံနက် ၇ နာရီမှစတင်ကာ မြို့ပေါ်ရပ်ကွက် (၈) ရပ်ကွက် ရှိ အိမ်ထောင်စုများအား တာဝန်ရှိသူများက အိမ်အရောက် လိုက်လံထောက်ပံ့ ပေးပို့လျက်ရှိ ကြောင်းသိရသည်။    

 

ပုံမှန်ဝင်ငွေမရှိသည့် အခြခံလူတန်းစားများ သင်္ကြန်ကာလတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးကြောင့် စားဝတ်နေရေး အဆင်ပြေစေရန် အခြေခံစားသောက်ကုန် ငါးမျိုးထောက်ပံ့ပေးခြင်းဖြစ်ကာ ရပ်ကွက် (၈) ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၁၆၄) စုအတွက် တစ်အိမ်ထောင်လျှင် ဆန်(၈)ပြည်၊ ဆီငါးဆယ်ကျပ်သား၊ ပဲ တစ်ပိဿာ၊ ကြက်သွန်နီ တစ်ပိဿာ၊ ဆားငါးဆယ်ကျပ်သားတို့အား အိမ်ထောင်စုများ လက်ဝယ်အရောက် တာဝန်ရှိသူများက လိုက်လံပေးဝေခဲ့ကြောင်း သိရသည်။

 

ဌေးဌေးကြည်(ပြန်/ဆက်)