ဆိုးလ် စက်တင်ဘာ ၂၉
မြောက်ကိုရီးယား နိုင်ငံသည် တာတိုပစ် ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို နိုင်ငံအရှေ့ပိုင်း ကမ်းလွန်ပင်လယ်ပြင်သို့ ပစ်လွှတ်လိုက်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ် (ဂျေစီအက်စ်) က စက်တင်ဘာ ၂၈ ရက်တွင် ပြောသည်။
ပြုံယမ်းရှိ ဆူနန်ဒေသမှ နိုင်ငံအရှေ့ပိုင်း ကမ်းလွန်ပင်လယ်ပြင်သို့ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁၀ မိနစ်နှင့် ၆ နာရီ မိနစ် ၂၀ ကြားတွင် မြောက်ကိုရီးယားနိုင်ငံက ပစ်လွှတ်လိုက်သော တာတိုပစ် ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ထောက်လှမ်း တွေ့ရှိခဲ့ကြောင်း ဂျေစီအက်စ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားနိုင်ငံသည် စက်တင်ဘာ ၂၅ ရက်က နိုင်ငံအရှေ့ပိုင်း ပင်လယ်ပြင်သို့ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ပြီးနောက် သုံးရက်အကြာတွင် အဆိုပါ ဒုံးကျည်နှစ်စင်းပစ်လွှတ်မှု ထွက်ပေါ်လာ ခြင်းဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံ၏ ယခုအကြိမ် ဒုံးကျည်ပစ်လွှတ်မှုသည် ယခုနှစ်တွင် အကြိမ် (၂၀) မြောက် ပစ်လွှတ်မှု ဖြစ်ကြောင်းသိရသည်။
ဆင်ဟွာ