နေပြည်တော် မတ် ၁၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည် ယမန်နေ့က နေပြည်တော်၊ ပျဉ်းမနားမြို့နယ် စက်မှုလယ်ယာ ဦးစီးဌာန အမှတ်(၁) အလတ်စား စက်ပြင်အလုပ်ရုံတွင် တောင်သူပိုင် ထွန်စက်ကြီးများ၊ စပါးရိတ်သိမ်း ခြွေလှေ့စက်များ၊ လက်တွန်းထွန်စက်များ၏ ကြံ့ခိုင်မှုပြုပြင်ထိန်း သိမ်းရေးလုပ်ငန်းများ ကူညီဆောင် ရွက်ပေးနေမှုနှင့် လယ်ယာသုံး စက်ကိရိယာ ပြုပြင်ထိန်းသိမ်းမှု အထောက် အကူပြု အခြေခံသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း လုပ်ငန်းများ ဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး သည် အမှတ်(၁) အလတ်စား စက်ပြင်အလုပ်ရုံနှင့် စက်မှု လယ်ယာစခန်းများမှ ဝန်ထမ်းများကိုတွေ့ဆုံ၍ လယ်ယာသုံး စက်ကိရိယာများ ရင်းနှီးမြုပ်နှံမှုနှင့် ထိုက်တန်သည့် အကျိုးစီးပွားရရှိစေရန် ဆိုင်ရာ စက်ကိရိယာ၏ စွမ်းအားကို အပြည့်အဝ အသုံးချနိုင်ရေး ၊ တစ်ဧကထုတ်လုပ်မှုနှင့် လယ်ယာ လုပ်သား တစ်ဦးချင်း၏ စွမ်းဆောင်နိုင်မှု မြှင့်တင်ပေးနိုင်ရေး၊ စက်မှုလယ်ယာလုပ်ငန်းကို အခြေခံသည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေး ၊ စက်မှုလယ်ယာစနစ်သို့ အောင်မြင်စွာ ကူးပြောင်းရေးနှင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ်ဖြည့်ဆည်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ ဇီးဖြူပင်ကျေး ရွာတွင် ကွင်းအမှတ် (၂၀၇၈)၊ တောင်သူဦးရေ (၇၁)ဦးတို့၏ လယ်မြေတွင် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် စနစ်ကျလယ်ယာမြေ ဧက(၁၅၀) စီမံကိန်း လုပ်ငန်း ဆောင်ရွက်နေမှု၊ ရေပေးမြောင်း၊ ရေနုတ်မြောင်းနှင့် ကုန်ထုတ်လမ်းများ ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
စီမံကိန်းရှင်းလင်းဆောင်တွက် တာဝန်ရှိသူများက စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်း စီမံကိန်းလုပ်ငန်းများ ၊ ပေါင်းလောင်း ဆည်ရေသောက်စနစ် မှ နေပြည်တော် ကောင်စီနယ်မြေ အတွင်း နွေစပါးဧက(၁၀၂၀၀)၊ အခြားသီးနှံ(၁၄၇၅) ဧက ၊ ပဲခူးတိုင်း ဒေသကြီး အတွင်း နွေစပါး(၃၄၆၀)ဧကနှင့် အခြားသီးနဧက (၅၅၄၀)၊ စုစုပေါင်း(၂၀၆၇၅)ဧက စိုက်ပျိုးရေ ပေးဝေနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး က တောင်သူတစ်ဦးချင်း၏ အကျိုးအမြတ် ပိုမိုဖြစ်ထွန်းစေရေး နှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရန် ၊ စနစ်ကျ လယ်ယာမြေ ဖော်ထုတ်ပြီးစီးပါက ရေသွင်း၊ ရေထုတ်စနစ်များ ပိုမိုကောင်းမွန်ပြီး ပေါင်းလောင်း ရေလှောင်တမံမှ စိုက်ပျိုးရေ လုံလောက်စွာ ရရှိမည်ဖြစ်၍ သီးထပ်များ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး ၊ ပန်းတိုင် အထွက်နှုန်း ရရှိရေးအတွက် နည်းပညာများ စနစ်တကျလိုက်နာ အသုံးပြု ဆောင်ရွက်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်