၃ အောက်တိုဘာ

 

ရှမ်းပြည်နယ်ရှိ အင်းလေးကန်ရဲ့ အရှေ့ဘက် ကမ်းပေါ်မှာရှိတဲ့ မိုင်သောက်မြို့ဟာ ရေတစ်ဝက် ကုန်းတစ်ဝက်ရှိတဲ့ ထူးခြားတဲ့ မြို့ဖြစ်ပါတယ်။ မိုင်းသောက်မြို့ရဲ့ ကုန်းပေါ်ရှိ ရွာတွေကနေ ရေဘက်ပိုင်းမှာ ရှိတဲ့ ရွာလေးတွေဆီကို သွားရောက်လည်ပတ်ရန် မီတာ ၄၅၀ ရှည်တဲ့ သစ်သားတံတား တစ်စင်းနဲ့ ဆက်သွယ်ထားပါတယ်။ 

 

 

မိုင်းသောက်ကနေ အင်းလေး ဖောင်တော်ဦးဘုရားနဲ့ တခြားနေရာတွေကို စက်လှေနဲ့ လည်ပတ်နိုင်တာကိုလည်း တွေ့ရပါတယ်။  

 

 

မိုင်းသောက်မြို့ဟာ အရင်က ရှမ်းပြည်နယ်ရဲ့ မြို့တော်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ လျော်ညီစွာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းနဲ့ ဗလီတစ်လုံးကိုလည်း တွေ့ရပါတယ်။ မိုင်းသောက် မြို့သူမြို့သားတွေရဲ့ ဒေသတွင်း အဓိက စီးပွားရေးကတော့ ကြံ၊ ပြောင်းနဲ့ နေကြာတို့ကို စိုက်ပျိုးကြကြောင်း သိရပါတယ်။ 

 

 

မိုင်းသောက်မြို့နဲ့ ၁၀ မိနစ်လောက် ကားမောင်းသွားရင် ရောက်နိုင်တဲ့ ငါးရက်ဈေးဖြစ်တဲ့ နန့်ပန်ဈေးရဲ့ မြင်ကွင်းကိုပါ မိုင်းသောက်မြို့ရှုခင်းနဲ့အတူ စုစည်းတင်ဆက် ပေးလိုက်ရပါတယ်။

 

MDN