တစ်ကိုယ်တော် တေးသံရှင် တစ်ဦးအဖြစ်တွေ့မြင်ရတော့မယ့် တေးမင်

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသားတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ "SHINee" ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ တေးမင်ဟာ မကြာမီမှာ တစ်ကိုယ်တော်တေးသံရှင်တစ်ဦးအဖြစ် ပရိသတ်ရှေ့အရောက်ပြန်လာဖို့ရာ စီစဉ်ထားကြောင်း လတ်တလောမှာ ထုတ်ဖော်ပြောကြား လာတာဖြစ်တယ်လို့ စွန်ပီဒေါ့ကွန်းက ရေးသားဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်မှာ အဖွဲ့ရဲ့ ဖျော်ဖြေရေးအေဂျင်စီက တေးမင်အနေနဲ့ တစ်ကိုယ်တော်တေးအယ်လ်ဘမ်သစ်အတွက်ပြင်ဆင်နေပြီး လတ်တလောမှာတော့ နောက်ဆုံးအဆင့်အထိရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီတေးအယ်လ်ဘမ်သစ်ကိုတော့ လာမယ့် ဖေဖော်ဝါရီလအတွင်း စတင်ထုတ်လွှင့်ပေးသွား မှာဖြစ်တယ်လို့ သိရပါတယ်။

လာမယ့်လအတွင်း ထုတ်လွှင့်သွားမယ့် တစ်ကိုယ်တော်တေးအယ်လ်ဘမ်သစ်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာလ အတွင်း ထုတ်လွှင့်ခဲ့တဲ့ "Move" တေးအယ်လ်ဘမ်ပြီးနောက်ပထမဆုံးအကြိမ် ပြန်လည်ထုတ်လွှင့်သွားမယ့် တေးမင်ရဲ့တစ်ကိုယ်တော်တေးအယ်လ်ဘမ်လည်း ဖြစ်တယ်လို့ သိရပါတယ်။

အေးပြည့်