တိုကျို၊ ဇွန် ၁၀
အသက် ၂၄ နှစ်အရွယ်ရှိ ကုမ္ပဏီဝန်ထမ်း ဂျပန်နိုင်ငံသား ကီမူရာဟီရိုဆူဂူ သည် တစ်ကိုယ်တော်ရွက်လှေဖြင့် ကမ္ဘာပတ်ခဲ့သည့် အသက်အငယ်ဆုံး ဂျပန်နိုင်ငံသားဖြစ်လာကြောင်း ယနေ့အင်န်အိတ်ချ်ကေ သတင်းအရ သိရသည်။
၎င်းသည် ယမန်နှစ် အောက်တိုဘာ ၂၂ ရက်က ဂျပန်နိုင်ငံအနောက်ပိုင်း နီရှီနိုမီယာမြို့မှနေ၍ စတင်ရွက်လွှင့်ခဲ့သည်။ ရွက်လှေဖြင့် ၂၃၁ ရက်ကြာမြင့်ခဲ့သည့်် ၎င်း၏ကမ္ဘာပတ်ခရီးစဉ်သည် ဇွန် ၈ ရက်က ဂျပန်နိုင်ငံအနောက်ပိုင်း ဝါကာယာမာနှင့် တိုကူရှီမာစီရင်စုကြားရှိ ကီအီရေလက်ကြားတွင် အဆုံးသတ်ခဲ့သည်။ ၁၉၉၄ ခုနှစ် ကလည်းအသက် ၂၆ နှစ် အရွယ်ရှိ ဂျပန်နိုင်ငံသား ရှီရာရှီကိုဂျီရိုက ရွက်လှေဖြင့် ကမ္ဘာပတ်ခရီးနှင်ခဲ့သည်။ ကီမူရာအား ၂၀၂၂ ခုနှစ် မတ်လက ပစိဖိတ်သမုဒ္ဒရာအတွင်း ရွက်လှေဖြင့် ကမ္ဘာပတ်ခရီးနှင်ခဲ့သည့် ကမ္ဘာ့အသက်ကြီး ရွက်လှေအားကစားသမား ဟူရီအီကီနာချီက ဂုဏ်ပြုခဲ့သည်။
မိမိသည် အောင်မြင်မှုရရှိရန် ရည်မှန်းချက်အပြည့်ဖြင့် ဆောင်ရွက်ခဲ့သောကြောင့် ယခုကဲ့သို့ အောင်မြင်မှု ရရှိခဲ့ကြောင်း ကီမူရာက ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ