မေ ၆
တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသမီးတေးဂီတအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ (G)I-DLE ရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ယုကီဟာ လတ်တလောမှာ တစ်ကိုယ်တော်တေးသံရှင်တစ်ဦးအဖြစ် တေးသီချင်းသစ် တစ်ပုဒ် ဖန်တီးနေကြောင်း ကိုရီးယားဘိုးဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ယုကီက သူ့အနေနဲ့ တစ်ကိုယ်တော်တေးသီချင်းသစ် တစ်ပုဒ် ဖန်တီးနေကြောင်း ထုတ်ဖော်ပြောကြားခဲ့တာပါ။ တစ်ကိုယ်တော်တေးသီချင်းသစ် ထုတ်လွှင့်မှု နဲ့အတူ ယုကီရဲ့ ပုံစံသစ်တစ်ခုကို ပြသသွားမှာဖြစ်ကြောင်းလည်း ပေါ့ပ်ကြယ်ပွင့်က ပြောကြားခဲ့ပါ တယ်။ ယုကီက သူ့အနေနဲ့ တစ်ကိုယ်တော်တေးသီချင်းအတွက် အချိန်အတော်ကြာ ပြင်ဆင်ခဲ့ရကြောင်း လည်း ဆိုပါတယ်။
ယုကီဟာ (G)I-DLE အဖွဲ့ဝင်တွေအနက် တစ်ကိုယ်တော်တေးသီချင်း ထုတ်လွှင့်တဲ့ ဒုတိယမြောက် အဖွဲ့ဝင်ဖြစ်လာမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အေးပြည့်