ပခုက္ကူ ၁၄ နိုဝင်ဘာ
ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း တစ်လကျော် ကြာပိတ်ထားသည့် ပခုက္ကူမြို့နယ် ကုန်သည်ပွဲစားများအသင်း၊ ပခုက္ကူကုန်စည်ဒိုင်ကို နိုဝင်ဘာလ ၁၅ ရက်တွင် ပြန်လည်ဖွင့်လှစ်ဖြစ်ကြောင်း သိရသည်။
ကုန်စည်ဒိုင်ကို ၂၀၂၀ ပြည့်နှစ်၊စက်တင်ဘာလ၂၅ရက်နေ့မှစ၍ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးယာယီပိတ်ထားရာမှ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။
ကုန်စည်ဒိုင်အတွင်းသို့ နံနက် ၉ နာရီမှ ၁၁နာရီ ၄၅မိနစ်အထိ အသင်းဝင်နှင့် ကိုယ်စားလှယ် တစ်ဦးစီသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ် ကုန်သည်ပွဲစားများ အသင်းထံမှ သိရသည်။
ကိုဇော်(ဓာတု)


