ဆော ၃ ဇန်နဝါရီ
တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးပေး ခြင်းနှင့် ဆေးတိုက်ခြင်းကို ဇန်နဝါရီ ၂ ရက်က ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေး ဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေးအဖြစ် ပြင်းထန်တီဘီရောဂါ၊ငါးမျိုးစပ်၊ ပြင်းထန်အဆုတ်ရောင်၊ ပိုလီယို ကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်သိုးနှင့် ဂျပန်ဦးနှောက်ရောင်စသည့် ထိုးဆေးများကို တစ်နှစ်ခွဲအောက် ကလေးများအား ထိုးပေးခြင်းနှင့် ပိုလီယိုအကြောသေရောဂါ ဆေးရည်များ တိုက်ကျွေးပေးပြီး ကိုယ်ဝန်ဆောင်မိခင်များအား သွေးပေါင်ချိန်တိုင်းပေး၍ မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
အဆိုပါ တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံရာ ယခုလတွင် လာရောက်ထိုးနှံသည့် ကလေးငယ် ၅၀ နှင့် ကိုယ်ဝန်ဆောင်မိခင် ၂၀ ရှိကြောင်း သိရသည်။
ဇော်မျိုးသန့်(ပြန်/ဆက်)