နေပြည်တော် ၂၇ အောက်တိုဘာ
၂၀၁၉ခုနှစ်၊ အောက်တိုဘာ ၂၈ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂)၌ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၄)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ကျင်းပမည်ဖြစ်ရာ အဆိုပါ အခမ်းအနားကျင်းပပုံများကို ယင်းနေ့မွန်းလွဲ ၁ နာရီ ၄၅ မိနစ်မှ စတင်ပြီး မြန်မာ့ရုပ်မြင်သံကြား(MRTV)၊ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း (NRC) ၊ MITV ၊ မြဝတီရုပ်မြင်သံကြား(MWD) ၊ MNTV ၊ Up to Date ၊ Channel 9 ၊ မြန်မာ့အသံရေဒီယို၊ MIR ရေဒီယို၊ Myanmar President Office Facebook Page ၊ Myanmar State Counsellor Office Facebook Page ၊ MOI Webportal Myanmar Facebook Page ၊ MRTV Facebook Page နှင့် Myanmar Digital News Facebook Page တို့မှ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဖြစ်ပါကြောင်း သိရှိရသည်။
(သတင်းစဉ်)


