နေပြည်တော် ၃၁ ဇူလိုင်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၂ ရက်မှ ဇူလိုင် ၂၈ အထိ တစ်ပတ်အတွင်း တရားမဝင်သစ်မျိုးစုံ ၃၈၂ ဒသမ ၁၇၇၆ တန်၊ ပြစ်မှုကျူးလွန်သူ (၆၉)ဦးနှင့် ယာဉ်၊ ယန္တရား(၃၅)စီးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
အဆိုပါ ဖမ်းဆီးရမှုများအနက် အများဆုံးဖမ်းဆီးရမိသည့် ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့နယ် မိုးတားဘိနယ် အထက်ဝဲကြီးရွာဟောင်း အနီးမှ တရားမဝင်သစ် ၁၁၃ ဒသမ ၃၀၂၀ တန်ကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိသည့် ဖြစ်စဉ်ဖြစ်ကြောင်း သိရသည်။
ကိုမျိုး


