အောက်တိုဘာ ၂၅
လွန်ခဲ့သော ၂၄ နာရီအတွင်း ဂါဇာကမ်းမြောင်ဒေသရှိ နေရာပေါင်း ၄၀၀ ကျော်ကို အစ္စရေးကလေကြောင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးဘက်က ယမန်နေ့ကပြောကြားသည်။
အစ္စရေးစစ်တပ်၏ ဂါဇာကမ်းမြောင်ဒေသအပေါ် တိုက်ခိုက်မှု အရှိန်အဟုန်မြှင့်လာသည်မှာ မယုံနိုင်စရာပင်ဖြစ်သည်။
အဆိုပါတိုက်ခိုက်ခံရမှုကြောင့် ဂါဇာဒေသတွင် နာရီအနည်းငယ်အတွင်း ကလေး ၃၀၅ ဦး အပါအဝင် ၇၀၄ ဦး သေဆုံးခဲ့သည်ဟု ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။
အောက်တိုဘာလ ၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော အစ္စရေးနှင့် ဟားမတ်စ်တို့အကြားဖြစ်ပွားသော ပဋိပက္ခတွင် ဂါဇာဒေသ၌ သေဆုံးသူ ၅၇၉၁ ဦးရှိလာသည်။
ထိုပဋိပက္ခတွင် သေဆုံးသူကလေးဦးရေ ၂၃၆၀ ရှိရာ သေဆုံးသူ ၅၇၉၁ ဦး၏ထက်ဝက်နီးပါးရှိသည်ဟု သိရသည်။
အောက်တိုဘာလ ၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော အစ္စရေးနှင့် ဟားမတ်စ်တို့အကြားဖြစ်ပွားသော ပဋိပက္ခတွင် အစ္စရေးနိုင်ငံ၌ သေဆုံးသူဦးရေ ၁၄၀၀ ထက်မနည်းရှိသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို