ဘိုကလေး ၁၁ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ ဂုဏ်ထူးဆောင်၊ ဘိုကလေးမြို့နယ် အသင်း(ရန်ကုန်)၏ နာယကကြီး၊ ဒေါက်တာစည်သူ၊ ဝိဇ္ဇာပညာထူးချွန်ဆုနှင့် ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုရ ဗိုလ်ကလေးတင့်အောင်၏ ၉၈ နှစ်မြောက် မွေးနေ့အား ဂုဏ်ပြုသောအားဖြင့် ယမန်နေ့ ညနေ၌ ဘိုကလေးမြို့နယ်၊ ရန်ပြေမာန်ပြေ အောင်စကြာစေတီတော်ဝန်းအတွင်း၌ သစ်ပင်စိုက်ပွဲတော် ကျင်းပခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပွဲအား ပိတောက်ရွှေဝါ စိုက်ပျိုးရေးအဖွဲ့မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ဘိုကလေး မြို့နယ်၏ ဂုဏ်ထူးဆောင် ဘဘစည်သူ ဗိုလ်ကလေးတင့်အောင်၏ ၉၈ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြု၍ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်သည့် အနေဖြင့် သစ်ပင်ပေါင်း (၅၀)ကျော်အား စိုက်ပျိုးခဲ့ကြကြောင်း သစ်ပင်စိုက်ပွဲတွင် ပါဝင်ကျင်းပသူတစ်ဦးထံမှ သိရသည်။
မိုးစက်(ဘိုကလေး)


