ဆဒုံး ၂၁ ဒီဇင်ဘာ
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း ဝိုင်းမော်မြို့မှ တစ်ဖက်တရုတ်ပြည်သို့ တင်ပို့လျက်ရှိသော တစ်သျှူးငှက်ပျော်သီးများ အပြည့်တင်ဆောင်လာသည့် ယာဉ်သည် ဝိုင်းမော်-ဆဒုံး- ကန်ပိုက်တီ ကားလမ်းကြီးပေါ်ရှိ မိုင်တိုင်အမှတ် ၁၃/၁၄ ကြားတွင် ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ကားခေါင်းတွဲနှင့် နောက်တွဲအဆက်ပြုတ်ထွက်ရာမှ အရှိန်လွန်တိမ်းမှောက်ခဲ့သော်လည်း ယာဉ်မောင်း ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။
ကျော်နိုင်ဌေး(ပြန်/ဆက်)