ဆန်ဖရန်စစ္စကို ဇူလိုင် ၂၄

လူမှုကွန်ရက်မီဒီယာ တစ်ခု ဖြစ်သော တွစ်တာ၏ ငှက်ငယ်အမှတ်တံဆိပ် (လိုဂို) ပုံစံကိုအင်္ဂလိပ်အက္ခရာ စာလုံးအကြီးX. ပုံစံသို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်း အီလွန်မက်ခ်က ပြောကြားသည်။

 ဇူလိုင် ၂၂ ရက်တွင် မက်ခ်က၎င်း၏ တွစ်တာအကောင့်တွင် မိမိတို့သည်တွစ်တာအမှတ် တံဆိပ်ကို မကြာမီ နှုတ်ဆက် ဖြစ်ကြောင်းနှင့် တဖြည်းဖြည်း ငှက်အားလုံးကိုခွဲခွာတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တွစ်တာ၏ အမှတ်တံဆိပ် သစ်ဖြစ်သည့် X အိတ်စ်) ကို လာ မည့် တနင်္ဂနွေထက် နောက် မကျဘဲ ကမ္ဘာတစ်ဝန်းအသုံးပြု သွားတော့မည် ဖြစ်ကြောင်း မက်ခ်က ပြောကြားခဲ့သည်။ ၎င်း၏ တွစ်တာအိုင်ကွန် (သင်္ကေတ)ကို ၎င်း၏မျက်နှာပုံစံမှ အင်္ဂလိပ်အက္ခရာ စာလုံးကြီး အိတ်စ်ပုံစံသို့ ပြောင်းလဲပြီးဖြစ်သည်။ မက်ခ်ကတွစ်တာပလက်ဖောင်းကို ဘာပဲလိုလိုအသုံးချနိုင်သည့် အက်ပလီ ကေးရှင်းပုံစံ တစ်ခုဖြစ်အောင် ပြောင်းလဲရန် မျှော်လင့်ထားသည်။ ယခု ပြောင်းလဲလိုက်သော အိတ်စ်ပုံစံ ပလက်ဖောင်းအသစ်တွင် နေ့စဉ် ဘဝ၌အသုံးပြုလျက်ရှိသည့် သွင်ပြင်လက္ခဏာအသစ်များ ပါဝင်မည်ဖြစ်သည်။ တွစ်တာကို ဧပြီလတွင်အိတ်စ် ကော်ပိုရေးရှင်းနှင့်ပေါင်းစည်းခဲ့ပြီး အမှီအခိုကင်း သည့် ကုမ္ပဏီအဖြစ် ဆက်လက် မတည်ရှိတော့ကြောင်း သိရ သည်။

အင်န်အိတ်ချ်ကေ