ဒေါက်တာမောင်မောင်

နည်းပညာအရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲသည့် ယနေ့ စတုတ္ထစက်မှုတော်လှန်ရေး ကာလ၏ တိုးတက်ဖွံ့ဖြိုးမှုကို ပြဋ္ဌာန်းပေးသူမှာ လူ့စွမ်းအားအရင်းအမြစ်(human resource)တစ်နည်းအားဖြင့် လူ့စွမ်းအားအရင်းအနှီး (human capital)ပင်ဖြစ်သည်။ ယခင်ကျမ်းရိုးဘောဂဗေဒအဆိုများအရကြည့်လျှင် တိုးတက်ဖွံ့ဖြိုးမှုကို ဖြစ်ပေါ်စေသည့်အဓိကထုတ်လုပ်မှုအင်အားစုကြီး သုံးခုဖြစ်သည့်မြေယာ(land)၊ လုပ်သား (Labour)၊ အရင်းအနှီး (capital) တို့အပေါ်မူတည်ပြီး တိုးတက်မှုကိုဖော်ဆောင်လေ့ရှိသည်။ စက်မှုတော်လှန်ရေးမတိုင်မီကာလများ၌နိုင်ငံ၏တိုးတက်ဖွံ့ဖြိုးမှုကို ယေဘုယျအားဖြင့် သဘာဝ မြေသယံဇာတပိုင်ဆိုင်မှုက အရေးပါခဲ့ပြီး နောက်ပိုင်း ကာလများတွင် လူဦးရေပမာဏ အနည်း၊ အများက နိုင်ငံတိုးတက်မှုအတွက် ပို၍အရေးပါသည့်အခြေအနေ ဖြစ်ခဲ့သည်။ နည်းပညာသစ်အစပြုသည့် ပထမစက်မှုတော်လှန်ရေးနောက်ပိုင်း စက်မှုထွန်းကားသည့်နိုင်ငံများ ချမ်းသာလာသည့်အခါ ငွေကြေးအရင်းအနှီးများလေ တိုးတက်မှုရှိလေ ဆိုသည်ကိုလည်း ဖော်ပြခဲ့ကြသည်။ Globalization ခေတ် နည်းပညာတိုးတက်မှုအရှိန်အဟုန်မြင့်လာသည့် ယနေ့အချိန်အခါအတွက် တိုးတက်မှုကို အဓိကပြဋ္ဌာန်းနေသည့်အချက်မှာ ကျွမ်းကျင်မှုရှိသည့် လူ့စွမ်းအားအရင်းအမြစ်နှင့် နည်းပညာတိုးတက်မှု(technology progress) ပင်ဖြစ်သည်။ ဆိုလိုသည်မှာ ၂၁ ရာစု၏ တိုးတက်ဖွံ့ဖြိုးမှုသည် စွမ်းဆောင်ရည်ပြည့်ဝ သည့် လူ့စွမ်းအားအရင်းအမြစ်အပေါ် အများဆုံးမူတည်နေပေသည်။

 

ဘာကြောင့် အရေးပါသလဲ
ယေဘုယျအားဖြင့် အဓိကထုတ်လုပ်မှုအင်အားစုကြီး သုံးခုဖြစ်သည့် မြေ၊ အရင်းအနှီး၊ လုပ်သား ဟူ၍ ရှိသည့်အနက် တစ်ခုချင်းစီ၏ ထုတ်လုပ်မှုပြန်ရချက်များ အရ နှိုင်းယှဉ်အရေးပါမှုကို သိရှိနိုင်သည်။ မြေသယံဇာတ (မြို့ပြများမပါဝင်)အတွက် ထုတ်လုပ်မှုအနေဖြင့် သီးနှံစိုက်ပျိုးခြင်းဖြစ်ပြီး တစ်နှစ်လျှင် အကြိမ်မည်မျှစိုက်ပျိုး နိုင်သည်၊ အထွက်နှုန်း (yield) မည်မျှထွက်သည်ဟူသည့်အချက်များက ပြန်ရချက်များ ဖြစ်သည်။ စိုက်ပျိုးရေးထွန်းကားသည့်နိုင်ငံများပင်လျှင် တစ်နှစ် လေးသီးထက်ပို၍မစိုက်ပျိုးနိုင်သလို အထွက်နှုန်းမှာလည်း အကန့်အသတ်ဘောင်တစ်ခုအတွင်းသာရှိမည်ဖြစ်သည်။ ထို့အတူအရင်းအနှီး၏ ပြန်ရချက်မှာ အတိုးနှုန်းဖြစ်သည်။ အရင်း အနှီးကို ဘဏ်တွင် အပ်နှံလျှင်ရမည့်အတိုးနှုန်း(သို့မဟုတ်) ပြင်ပ၌ အပေါင်ပစ္စည်းမပါဘဲချေးလျှင် စွန့်စားမှုအပေါ် မူတည်၍ ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းအထိ ရရှိနိုင်သည်။ ဆိုလိုသည်မှာ ငွေအရင်းအနှီးပမာဏတစ်ခု၏ ပြန်ရ ချက်မှာလည်း အကန့်အသတ်တစ်ခုအတွင်းသာ ရရှိမည်ဖြစ်သည်။ သို့သော် လူ့စွမ်းအားအရင်းအမြစ်၏ ပြန်ရ ချက်မှာ သာမန်ဝန်ထမ်းများအတွက် လုပ်ခလစာမှစပြီး အထူးကျွမ်းကျင်သူများအတွက် ချီးမြှင့်ငွေ၊ အသစ်တီထွင်မှုအတွက် မူပိုင်ခွင့်နှင့် ကန့်သတ်မရသည့် ဝင်ငွေများ စသည်တို့ဖြစ်ပြီး ပြန်ရချက်မှာ အကန့်အသတ်မရှိပေ။ လူတစ်ဦး၏Óဏ်ရည်ဖွံ့ဖြိုးမှု၊ စွမ်းဆောင်နိုင်မှု၊ အသစ်ဖန်တီးနိုင်မှု၊ ကျွမ်းကျင်မှုမြင့်မားလေ ပြန်ရချက်ကြီးမားလေ ဖြစ်သည့်အတွက် တိုးတက်မှုကို အဓိက ပြဋ္ဌာန်းနေခြင်းပင်ဖြစ်သည်။ ယနေ့ခေတ် တိုးတက်မှုအတွက် အများလက်ခံထားသည့် အဆိုပါ 21st Century, high human puality ပင်ဖြစ်သည်။

 

ကျွမ်းကျင်မှု(skill) အခြေပြုပညာရေးဆိုင်ရာပတ်ဝန်းကျင်ကောင်းများဖော်ဆောင်ရေး
Globalization ခေတ်၊ ဈေးကွက်စီးပွားရေးစနစ်နှင့် အပြင်ကြည့်စီးပွားရေးပေါ်လစီကျင့်သုံးသည့် နိုင်ငံများတွင် ထုတ်လုပ်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်း များအတွက် ပြည်တွင်းဈေးကွက်ကိုသာမက ပြည်ပ ဈေးကွက်ကိုပါ ပြိုင်ဆိုင်ရ၍ ကျွမ်းကျင်မှုပြည့်ဝသည့်လုပ်သားများရရှိရေး အထူးအရေးကြီးပေသည်။ ဈေးကွက်ရရှိရေး ပြိုင်ဆိုင်မှုကြီးမားသည့်အတွက်ပြောင်းလဲနေသည့် စီးပွားရေးလုပ်ငန်းများက အလိုရှိသောလုပ်သားများမွေးထုတ်ပေးရေးမှာ နိုင်ငံတော်မှ ဖွင့်လှစ်ထားသည့် အခြေခံပညာရေး၊ အထက်တန်းပညာရေး၊ ကောလိပ်သိပ္ပံနှင့် တက္ကသိုလ်များ၏အခန်းကဏ္ဍ အရေး ပါသလို ဘာသာရပ်အသီးသီးအတွက် သက်မွေးပညာ လေ့ကျင့်သင်ကြားပေးနိုင်မှုသည်လည်း အထူးအရေးပါ သည်။ ဆိုလိုသည်မှာ လက်တွေ့ထုတ်လုပ်မှုလုပ်ငန်းများ နှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ကျွမ်းကျင်သည့်လုပ်သားများ လေ့ကျင့်မွေးထုတ်နိုင်ရေးပင်ဖြစ်သည်။ ယနေ့တိုးတက်ဖွံ့ဖြိုးနေသည့် နိုင်ငံများကို လေ့လာမည်ဆိုလျှင် ပညာရေးတွင် အထက်တန်းအောင်မြင်ပြီး တက္ကသိုလ်အဆင့်တက်ရောက်သူများမှာ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းဝန်းကျင်အထိသာရှိပြီး ကျန်သူများမှာ မိမိစိတ်ဝင်စားသည့် သက်မွေးပညာသင်ကျောင်းအသီးသီးတို့တွင်သာ ဆက်လက်တက်ရောက်ကာ အလုပ်ခွင်သို့ ဝင်ရောက်လေ့ရှိခြင်းပင်ဖြစ်သည်။ ယခုအခါ နိုင်ငံတော်အနေဖြင့် ကျွမ်းကျင်သည့်လူ့စွမ်းအားအရင်း အမြစ်များ ပိုမိုမွေးထုတ်နိုင်ရေးအတွက် အခြေခံအဆင့်မှစပြီး တက္ကသိုလ်များအထိ သင်ကြားမှုစနစ်များ ပြောင်းလဲခြင်း၊ သင်ရိုးòန်းတမ်းပြောင်းလဲခြင်း၊ နိုင်ငံတကာနှင့်အညီ စာသင်နှစ် တိုးမြင့်ခြင်းတို့ လုပ်ဆောင်နေ ပြီဖြစ်သည်။ လက်ရှိအခြေအနေတွင် ဝန်ကြီးဌာနများ၏ သက်မွေးပညာသင်တန်းများ၊ ဂျပန်(JICA)၊ ကိုရီးယား (kocia)၊ ဂျာမဏီ(GIZ)၊ စင်ကာပူ စသည်တို့နှင့်ပူးပေါင်းဖွင့်လှစ်နေသည့် သင်တန်းများ၊ ပုဂ္ဂလိကကဏ္ဍမှဖွင့်လှစ်သည့် သင်တန်းများ စသည်ဖြင့် သင်တန်းပေါင်း ၂၅၀ ဝန်းကျင်ခန့် ဖွင့်လှစ်သင်ကြားနေပြီဖြစ်သည်။ မြန်မာ - စင်ကာပူ ပူးပေါင်းဖွင့်လှစ်မည့် သက်မွေးပညာသင်တန်း ကျောင်း သီးသန့်ထွက်ပေါ်လာသလို အလုပ်သမားဝန်ကြီး ဌာနမှ ဖွင့်လှစ်ပေးနေသည့် သင်တန်းအချို့မှာလည်း အာဆီယံအဆင့် အခြေခံကျွမ်းကျင်မှုကိုပေးနိုင်သည့်အတွက် များစွာအကျိုးရှိကြောင်း တွေ့ရသည်။ ဈေးကွက်လိုအပ်ချက်အရဆိုလျှင် သက်မွေးပညာသင်တန်းကျောင်း များ ပိုမိုလိုအပ်ဦးမည်ဖြစ်သည်။ လေ့လာချက်များအရ လည်း သက်မွေးပညာသင်တန်းများ တက်ရောက်အောင်မြင်သူများလေ အလုပ်လက်မဲ့နှုန်းလျော့နည်းလေ ဖြစ်သည့်အတွက် အားပေးရဦးမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဘာသာရပ်အသီးသီးအတွက် ယခင်ကထက်သက်မွေးပညာသင်ကျောင်းများ တိုးချဲ့ဖွင့်လှစ်လာနိုင်သည့်အတွက် ယနေ့လူငယ်လူရွယ်များအတွက် အထူး အခွင့်အလမ်းတစ်ရပ်ပင် ဖြစ်သည်။ တိုးတက်မှုကြိုးစားနေ သူတိုင်း သိသင့်သည့်အချက်မှာ လူသားအားလုံးနှင့်ဆိုင်သည့် ပြောင်းလဲတိုးတက်မှုဖြစ်စဉ်ပင် ဖြစ်သည်။

 

ကမ္ဘာလုံးဆိုင်ရာပြောင်းလဲတိုးတက်လာမှု
ဈေးကွက်စီးပွားရေးစနစ်နှင့် အပြင်ကြည့်စီးပွားရေး မူဝါဒကျင့်သုံးနေသည့်အတွက် က္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်ပြောင်းလဲလာမှုများ၊ လက်ရှိဖြစ်ပေါ်နေမှုများ၊ စိန်ခေါ်မှုနှင့် အခွင့်အရေးများအပြင် ရှေ့အလားအလာများ ကိုလည်း နိုင်ငံသားတိုင်း သဘောပေါက်နားလည်ပြီး လက်တွေ့ကြိုးစားဆောင်ရွက်မှသာ တိုးတက်နိုင်မည်ဖြစ်သည်။ ခေတ်အဆက်ဆက်ပြောင်းလဲတိုးတက်မှုကိုမောင်းနှင်သူမှာ လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပြီး ကြိုးစားအားထုတ်မှုများ၏ရလဒ်ဖြစ်သည့် နည်းပညာသစ်များ ပိုမိုအသုံးပြုနိုင်ခြင်းကြောင့်ဖြစ်သည်။ 


ကမ္ဘာကြီးတိုးတက်ပြောင်းလဲလာမှုကို ခြုံငုံသုံးသပ်လျှင် နည်းပညာပြောင်းလဲမှုကို အခြေပြုသည့် စက်မှုတော်လှန်ရေး (Industrial Revolution) များကြောင့်ပင်ဖြစ်သည်။ က္ဘာကြီးကို စတင်ပြောင်းလဲခဲ့သည့် ၁၇၅၀ ပြည့်နှစ်များ၏ ပထမစက်မှုတော်လှန်ရေးသည် အင်္ဂလန်နိုင်ငံမှစတင်ပြီး ဥရောပ၊ အမေရိကစသည်တို့ ပထမဆုံး တိုးတက်လာခဲ့ကြသည့် အဓိကနည်းပညာမှာ ရေနှင့်ရေနွေးငွေ့သုံးစက်များ တီထွင်လာသည့်အတွက် ထုတ်လုပ်မှုနှင့် သွားလာရေးတို့တွင် ရေနွေးငွေ့သုံးစက်ယ္တရားများ ထွန်းကားလာသည့်အတွက်ကြောင့်ဖြစ်သည်။ ဒုတိယ စက်မှုတော်လှန်ရေးကိုမူ လျှပ်စစ်စွမ်းအားသုံးစက်များဖြင့်ထုတ်လုပ်မှုပမာဏကို ကြီးကြီးမားမား ပြောင်းလဲထုတ်လုပ်လာနိုင်မှုကို ခေါ်ဝေါ်သတ်မှတ်ကြသည်။ တတိယအဆင့်စက်မှုတော်လှန်ရေးကိုမူ အီလက်ထရွန်နစ်(electronic) နည်းပညာသာမက ဆက်သွယ်ရေးသတင်းအချက်အလက်နည်းပညာ ပြောင်းလဲတိုးတက်လာမှုကြောင့်က္ဘာ့ထုတ်လုပ်မှုတိုးတက်စေသည့်အပြင် က္ဘာ့ထုတ်လုပ်မှုပုံစံကိုပါ လုံးဝပြောင်းလဲစေခဲ့သည်။ တစ်က္ဘာလုံး အလွယ်တကူ ဆက်သွယ်လာနိုင်မူကြောင့်ယခင်စက်မှုနိုင်ငံများ၏ ထုတ်လုပ်မှုလုပ်ငန်းများကို နှိုင်းယှဉ်စရိတ်သက်သာသည့် က္ဘာအရပ်ရပ်သို့ပြောင်းရွှေ့လာမှုကြောင့်လည်း ပြောင်းရွှေ့မှုအများဆုံး လက်ခံရရှိသည့်နိုင်ငံများ အချိန်တိုအတွင်း လျင်မြန်စွာတိုးတက်ဖွံ့ဖြိုးလာခဲ့သည်။


စတုတ္ထစက်မှုတော်လှန်ရေးမှာမူ တတိယစက်မှုတော်လှန်ရေးအပေါ်အခြေခံပြီး ထုတ်လုပ်မှုလုပ်ငန်းများ သာမကဘဲ ဒစ်ဂျစ်တယ်တော်လှန်ရေး (Digital Revolution)၊ အင်တာနက်ကွန်ရက် ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာခြင်း၊ အလိုအလျောက်စက်များ၊ ဇီဝဆိုင်ရာနည်းပညာ သစ်များ၊ ဆိုက်ဘာလုံခြုံရေး၊ အနုစိတ်ခွဲခြားနိုင်မည့် နာနိုနည်းပညာ၊ အရေးပါလာသည့် နျူကလီးယားစွမ်းအင်စသည့် ဧရိယာတိုင်းတွင် ပြောင်းလဲမှုအရှိန်အဟုန်မြင့်မား ခဲ့သည်။ အထူးသတိပြုရမည့်အချက်မှာ ယခင်ပြောင်းလဲမှုများဖြစ်သည့် ပထမစက်မှုတော်လှန်ရေးမှသည် တတိယ စက်မှုတော်လှန်ရေးအထိ ပြောင်းလဲမှုမှာ တဖြည်းဖြည်း ပြောင်းလဲတိုးတက်မှု(evolution) ဖြစ်ပြီး ယနေ့ စတုတ္ထစက်မှုတော်လှန်ရေးမှာမူ နယ်ပယ်ဧရိယာအားဖြင့်လည်းကောင်း၊ အရှိန်အဟုန်အားဖြင့်လည်းကောင်း၊ ကျယ်ပြန့်မှုအရလည်းကောင်း၊ လျင်မြန်စွာ ပြောင်းလဲနေမှု(revolution) ပင်ဖြစ်သည်။ ဆိုလိုသည်မှာ ယခင်ပြောင်းလဲမှုက အချိန်ကြာမြင့်စွာ ပုံမှန်တိုးတက်မှုဖြစ်သော်လည်း ယနေ့ပြောင်းလဲမှုများက အချိန်တိုအတွင်း ဆတိုး ပြောင်းလဲနေခြင်းပင်ဖြစ်သည်။ ထို့အတွက်လည်း ယခင်နှင့်မတူသည့် ထုတ်လုပ်မှုစနစ်များ၊ စီမံအုပ်ချုပ်မှုစနစ်များ၊ လူမှုရေးစနစ်များ ပြောင်းလဲလာမှုတို့အပြင် လူတို့၏အပြုအမူ၊ နေထိုင်မှုပုံစံများပါ များစွာပြောင်းလဲနေပြီ ဖြစ်သည်။


ယနေ့ခေတ် တိုးတက်မှုကို အဓိကပြဋ္ဌာန်းပေးနေ သည့် လူသားတို့၏ ကျွမ်းကျင်မှု၊ စွမ်းဆောင်ရည်တို့နှင့်နည်းပညာတိုးတက်မှုကို မည်သည့်အတိုင်းအတာအထိအသုံးချနိုင်သည် ဟူသည့်အချက်ပေါ်မူတည်၍ တိုးတက်ဖွံ့ဖြိုးမှုအတိမ်အနက် ဖြစ်ပေါ်စေသည်။ သေချာသည့်အချက်မှာ ယနေ့ချမ်းသာနေသည့်နိုင်ငံများ၏ လူ့စွမ်းအား အရင်းအမြစ်များ၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်မြင့်မားမှုကြောင့် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း တို့၏ အရေးအပါဆုံးအပိုင်းဖြစ်သည့် သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်း၊ နည်းပညာအသစ်များ၊ ဒီဇိုင်းအသစ်များ၊ ဝန်ဆောင်မှုအသစ်များ ဖော်ထုတ်နိုင်ရေး စသည့်အပိုင်း များကိုသာ ဇောင်းပေးလုပ်ဆောင်လေ့ရှိသည်။ ထို့အတွက်ဖွံ့ဖြိုးပြီး နိုင်ငံများ၏ လူ့စွမ်းအားအရင်းအမြစ်မှာ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည် အထူးမြင့်မားသောကြောင့် မြင့်မား သည့် လုပ်ခလစာရရှိသူများ (high skill & high salary) ဖြစ်ကြသည်။ အဆင့်မြင့်နည်းပညာအခြေပြု လုပ်ငန်းများကိုသာ ချမ်းသာသည့်နိုင်ငံများတွင်သာ ဆောင်ရွက်လေ့ရှိပြီး မူလရုံးချုပ်စီးပွားရေးအဆောက်အအုံ(head quarter economies) ဟုလည်း ခေါ် ကြသည်။ တစ်ဖက်တွင်မူ ထုတ်လုပ်မှုလုပ်ငန်းများကိုစက်ရုံတည်ထောင်ကာ အများဆုံးလုပ်ကိုင်နေသည့်ဖွံ့ဖြိုးဆဲနိုင်ငံများကိုမူ စက်ရုံစီးပွားရေးအဆောက်အအုံ(factory economies) ဟုခေါ်ကာ ကျွမ်းကျင်မှုနိမ့်သည့် လုပ်သားများကိုသာ အဓိကထားသုံးစွဲထုတ်လုပ်နေခြင်းပင်ဖြစ်သည်။ ထို့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများရှိလုပ်သားအများစုမှာ ကျွမ်းကျင်မှုနိမ့်ပြီး လုပ်ခလစာ နိမ့်ကျနေခြင်း (law skill & law salary) ပင်ဖြစ်သည်။ ဆိုလိုသည်မှာ ယနေ့ခေတ် လူတစ်ဦးချင်းစီ၏ တိုးတက်မှုကို ပြဋ္ဌာန်းနေသည့်အချက်မှာ မည်မျှ ကျွမ်းကျင်တတ်မြောက်သည်ဆိုသည့်အချက် ဖြစ်သလိုနိုင်ငံတစ်နိုင်ငံ တိုးတက်မှုကိုမူ ကျွမ်းကျင်တတ်မြောက်သည့်နိုင်ငံသားများ မည်မျှရှိသည်ဟူသော òန်ကိန်းပင်ဖြစ်၍ ကျွမ်းကျင်တတ်မြောက်သူများလေ တိုးတက်လေ ဖြစ်သည်။

 

ကြီးမားလာသည့် စိန်ခေါ်မှုများ
Globalization မတိုင်မီအထိ ပြောင်းလဲတိုးတက်မှုများကိုကြည့်မည်ဆိုလျှင် အချိန်ယူကာ ဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့မှုကြောင့် က္ဘာ့နိုင်ငံများအကြား အဘက်ဘက်မှ ကွာဟမှုများမသိသာ သော်လည်း ယနေ့ခေတ် ပြောင်းလဲဖြစ်ပေါ်တိုးတက်မှုများ အနေဖြင့် ကဏ္ဍတိုင်းတွင် အရှိန်အဟုန်ဖြင့် ပေါ်ပေါက်နေ ပြီဖြစ်သည်။ နိုင်ငံအလိုက်ဖြစ်စေ၊ လူမျိုးတစ်မျိုးချင်း ဖြစ်စေ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများ သိရှိနားလည်စေပြီး အမြန်ဆုံးနှင့် အထိရောက်ဆုံးအသုံးချနိုင်မှသာတိုးတက်မှုကို မျှော်လင့်နိုင်မည်ဖြစ်သည်။ အထူးသဖြင့်နိုင်ငံသားတစ်ဦးချင်းစီ၏ ကျွမ်းကျင်မှုအရည်အသွေးနှင့်စွမ်းဆောင်ရည်များ တစ်ရက်ထက်တစ်ရက် သိသိသာသာ တိုးတက်လာရေးအတွက် အထူးအလေးထားလုပ်ဆောင်ရမည်ဖြစ်သည်။ သတိပြုရမည့်အချက်မှာ လူတစ်ဦးချင်း အနေဖြင့်လည်း ကြိုးစားအားထုတ်မှုအားနည်းခဲ့လျှင်အခြားအစဉ်အမြဲကြိုးစားနေသည့်သူများကို အောင်မြင်တိုးတက်မှု မယှဉ်နိုင်သည့်အပြင် အချိန်ကြာလေ ကွာဟလေ ဖြစ်နိုင်ပေသည်။ တစ်ဆက်တည်းမှာပင်ကြိုးစားအားထုတ်မှုနည်းသည့် နိုင်ငံသားဦးရေအများစုဖြစ်လျှင် အခြားတိုးတက်နေသည့်နိုင်ငံများကိုအမီလိုက်ရန်မဖြစ်နိုင်သလို အချိန်ကြာသည်နှင့်အဘက်ဘက်၌ ကွာဟမှုပိုမိုကြီးထွားလာမည် ဖြစ်သည်။

 

အသိပညာခေတ်-ဘဝတစ်လျှောက်လုံးသင်ယူရေး
ယနေ့ခေတ် ကဏ္ဍတိုင်းအတွက် အလိုအပ်ဆုံးမှာ ကျွမ်းကျင်မှု(skill) ရှိပြီး စွမ်းဆောင်ရည်ပြည့်ဝသည့်လူသားအရင်းအမြစ်များဖြစ်သလို တာဝန်ယူမှု၊ တာဝန်ခံမှုများရှိမှသာလျှင် လုပ်ငန်းများ အောင်မြင်တိုးတက်မည်ဖြစ်သည်။ အသိပညာခေတ်ဖြစ်သည့်အတွက် လေ့လာ သင်ယူစရာများ အစဉ်အမြဲတိုးပွားနေသည့်အလျောက်သင်ယူလေ့လာမှုမပြီးဆုံးနိုင်ဘဲ ဘဝတစ်လျှောက်လုံး သင်ယူနိုင်ရေးကို လူတိုင်းကျင့်သုံးရမည်ဖြစ်သည်။ ယခုအခါ လူတိုင်းနီးပါး စမတ်ဖုန်းများဖြင့် အင်တာနက်အလွယ်တကူသုံးနိုင်သည့်အတွက် မိမိစိတ်ဝင်စားသည့်ပညာရပ်များ၊ လုပ်ငန်းနှင့်ဆိုင်သည့် ဗဟုသုတများ ပိုမိုလေ့လာနိုင်သလို ပြောင်းလဲတိုးတက်မှုများကိုလည်း အမြဲလေ့လာနိုင်သည့် အခွင့်အရေးများ ရှိလာပြီဖြစ်သည်။ အသိပညာခေတ်သည် လူတစ်ဦးချင်းဆီ၏ တိုးတက်မှုဖော်ဆောင်ရာ တွင် လိုက်နာကျင့်သုံးရမည့်ဆောင်ပုဒ်မှာ “ပိုမိုသင်ယူပိုကောင်းအောင်လုပ်၊ learn more- serve better” ပင် ဖြစ်သည်။ အောင်မြင်ခြင်း ၏ အခြေခံအကြောင်းတရားများဖြစ်သည့် ကြီးမားသည့်ဆန ́၊ မလျှော့သည့် ဇွဲ၊ လုံ့လ၊ ကြံ့ခိုင်ပြီး အပြုသဘော ရှိသည့် စိတ်ဓာတ်၊ ထုတ်လုပ်မှုစွမ်းအားရှိ အသိနှင့်အတတ်ပညာတို့နှင့် ပြည့်စုံရမည်ဖြစ်သည်။ ဖြစ်ချင်သည့်ဆန ́ဆိုသည်မှာလည်း တစ်ဦးချင်းစီ၏ အသိအမြင်၊ ဗဟုသုတနှင့် ဖြစ်ပေါ်နေသည့်အခွင့်အလမ်းများ ဦးစွာ သိရမည်ဖြစ်သည်။ ဥပမာအားဖြင့်ဆိုသော် ယနေ့ပတ်ဝန်းကျင်အခြေအနေတွင် နိုင်ငံသားတိုင်းအတွက်ယခင်ထက်ပိုများသည့် စီးပွားရေးနှင့် အလုပ်အကိုင်၊ အခွင့်အလမ်းများနှင့် နိုင်ငံတကာနှင့် ပေါင်းစည်းနိုင်ရေး အခွင့်အလမ်းများ ပိုမိုရှိလာပြီဖြစ်သည့်အတွက် သိရှိစေရန် ကြိုးစားလေ့လာခြင်းဖြင့် မိမိဖြစ်ချင်သည့် ကြီးမား သည့်ဆန ́ကို ဖြစ်ပေါ်စေသည်။ ထိုမှတစ်ဆင့် မလျှော့သောဇွဲဖြင့် တစိုက်မတ်မတ်ကြိုးစားမှု၊ မိမိအကျိုးနှင့်တိုင်းပြည်အကျိုးဆောင်ရွက်လိုသည့် စိတ်ဓာတ်ပေါင်းစည်းကာ တစ်ဦးချင်းစိတ်ဝင်စားသည့် ဘာသာရပ်များ၊ လုပ်ငန်းများတွင် ကျွမ်းကျင်မှု(skill) မြင့်မားသူ များဖြစ်လာလျှင် မလွဲမသွေ အောင်မြင်တိုးတက်လာ မည်ဖြစ်သည်။


တစ်ဦးချင်း စွမ်းဆောင်ရည်ပြည့်ဝသည့် နိုင်ငံသား များလေ နိုင်ငံတိုးတက်လေပင်ဖြစ်ကြောင်း ယနေ့ ဖွံ့ဖြိုး နေသည့် နိုင်ငံတိုင်းက ပြသနေပေသည်။ ယနေ့က္ဘာတွင်စွမ်းဆောင်ရည်နှင့်ပတ်သက်၍ နမူနာယူသင့်သည့် ဥပမာ မှာ အစ္စရေးနိုင်ငံသားတစ်ဦးချင်း၏ စွမ်းဆောင်ရည်ပင်ဖြစ်သည်။ လူဦးရေသန်း ၄၀ဝ ကျော်ရှိသည့် အာရပ်က္ဘာ့အလယ်တွင် လူဦးရေ ရှစ်သန်းသာရှိသော်လည်း စွမ်းဆောင်ရည်ပြည့်ဝသည့် နိုင်ငံသားတို့ကြောင့် အစ္စရေး နိုင်ငံ ရပ်တည်ရှင်သန်တိုးတက်နေခြင်းပင်ဖြစ်သည်။ ရန်သူပတ်လည်ဝိုင်းပြီး သဲမြေအများဆုံးရှိသည့် အခြေအနေ များတွင် စိုက်ပျိုးရေးထွန်းကားအောင် လုပ်ဆောင်နိုင်သည်သာမကဘဲ စက်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများပါ တိုးတက်အောင် ဆောင်ရွက်နိုင်သည့်အတွက် က္ဘာ့အလယ်တွင်တိုးတက်သည့်နိုင်ငံအဖြစ် ရပ်တည်နေနိုင်ခြင်းမှာ နိုင်ငံသား တစ်ဦးချင်းစီ၏ မြင့်မားသည့်စွမ်းဆောင်ရည်ကြောင့်ပင်ဖြစ်သည်။
တစ်ဦးချင်း အရည်အသွေးကျွမ်းကျင်မှု၊ စွမ်းဆောင်ရည်တိုးတက်လာစေရန်လုပ်ဆောင်ရမည်မှာ မိမိကိုယ်တိုင်ပင်ဖြစ်သည်။ ]]အတ္တာဟိ အတ္တာနောနာထော}} ဆိုသည့်အတိုင်း မိမိကိုယ်သာအားကိုးရာ ဖြစ်သည့်အတွက်တိုးတက်ပြောင်းလဲမှုကို ပြဋ္ဌာန်းသူမှာ မိမိသာလျှင်ဖြစ်သည်။ 

 

တန်ဖိုးရှိသောအချိန်ကို အကောင်းဆုံးအသုံးချပါ
အချိန်သည် တန်ဖိုးအရှိဆုံးဖြစ်သည့်အတွက်အောင်မြင်တိုးတက်လိုသူတိုင်း အချိန်ကို အကောင်းဆုံးအသုံးချနိုင်ရမည်ဖြစ်သည်။ တစ်ရက်တာအချိန်ကို မိမိတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာ ရှာဖွေလေ့လာမှု မည်မျှပြုလုပ်နိုင်သည်၊ မိမိအသက်မွေးဝမ်း ကျောင်းနှင့်ပတ်သက်၍ အသိအမြင်၊ ဗဟုသုတအဆက်အသွယ်များ၊ မိမိထုတ်ကုန် (သို့) ဝန်ဆောင်မှုကို တန်ဖိုး မြှင့်နိုင်သည့်နည်းလမ်းများ၊ ပြည်တွင်း ပြည်ပသတ်မှတ်ထားသည့် စံချိန်စံòန်းများ သိရှိရန်လိုသလို မဖြစ်မနေ တတ်မြောက်ရမည့် ကွန်ပျူတာနှင့် ဆက်သွယ်ရေးနည်း ပညာများ၊ အသုံးများသည့်ဘာသာစကားများ စသည်တို့တတ်မြောက်ရမည်ဖြစ်သည်။ အချိန်ပေး၍လေ့လာတော့မည်ဆိုလျှင် ]]အကာနှင့်အနှစ်}} ခွဲခြားနိုင်ရမည်ဖြစ်သလိုရေရှည်အကျိုးစီးပွားဖော်ဆောင်နိုင်ရေးအတွက် အမြင်ကျယ်စွာဖြင့် ချင့်ချင့်ချိန်ချိန် မျှော်မှန်းလုပ်ဆောင်ရမည်ဖြစ်သည်။ အထူးသတိပြုရမည့်အချက်မှာ တန်ဖိုးရှိသည့်အချိန်ကို တန်ဖိုးမရှိသည့်ကိစ္စများအတွက် တလွဲမသုံးမိစေ ရန်ပင်ဖြစ်သည်။ အခြားသူများနှင့် ယှဉ်ပြိုင်ခြင်းထက်မိမိကိုယ်တိုင် အချိန်အပေါ်မူတည်ပြီး မနေ့ကနှင့် ဒီနေ့တွင်မည်မျှတိုးတက်လာသည်ဆိုသည့်အချက်ဖြင့် အမြဲတမ်း သုံးသပ်အကဲဖြတ်နိုင်ပါလျှင် အမြန်ဆုံးအောင်မြင်တိုးတက်လာမည်ဖြစ်သည်။ ဆိုလိုသည်မှာ ပြောင်းလဲတိုးတက်လိုသူတိုင်း ဆန ́ရှိရုံဖြင့်မရဘဲ အထက်တွင်ဆိုခဲ့သည့်အတိုင်း လက်တွေ့ကျကျ လိုက်နာကျင့်သုံးကြိုးစားမည်ဆိုလျှင်တိုးတက်အောင်မြင်လာမည်ဖြစ်သည်။ စွမ်းဆောင်ရည်ပြည့်ဝသည့် နိုင်ငံသားများ ပိုများလေလေ မိမိစီးပွားရေး၊ အိမ်ထောင်စုအဆင့်စီးပွားရေး၊ လုပ်ငန်းအဆင့်စီးပွားရေး တိုးတက်မှုများမှတစ်ဆင့် တစ်တိုင်းပြည်လုံး၏ စီးပွားရေး ကိုပါ မြှင့်တင်နိုင်မည်ဖြစ်သည်။

 

မျိုးသားရေးတာဝန်
ယနေ့အဘက်ဘက်မှ စိန်ခေါ်မှုများ ဝိုင်းဝန်းဖြေရှင်း ရေးနှင့် လူမှုစီးပွားဘဝ သိသိသာသာမြင့်တက်လာစေရေး ကို နိုင်ငံသားတိုင်း အထူးအလေးထားရမည်ဖြစ်သည်။ နိုင်ငံတော်က ဦးဆောင်ပြီး ကြိုးစားဖော်ဆောင်ရာ တွင်ပြည်သူတို့ တက်တကြွ်ကြွက၊ နိုးနိုးကြားကြား၊ ညီညီညွတ်ညွတ် ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်သည်။ နိုင်ငံအချုပ်အခြာအာဏာတည်မြဲရေး၊ ပြည်ထောင်စုကြီးမပြိုကွဲရေး၊ နိုင်ငံတော်တည်ငြိမ်အေး ချမ်းရေး၊ ပြည်သူတို့၏ လူမှုစီးပွား စဉ်ဆက်မပြတ်တိုးတက်ရေး၊ ဒီမိုကရေစီစနစ်ထွန်းကားရေးတို့မှာ နိုင်ငံသား တိုင်း၏ အမျိုးသားရေးတာဝန်ပင်ဖြစ်သည်။ အချုပ်အားဖြင့် ဆိုသော် နိုင်ငံတော်ကြီးတိုးတက်ဖွံ့ဖြိုး လာစေရန်အတွက် အရေးအကြီးဆုံးလိုအပ်ချက်မှာ စွမ်းဆောင်ရည်ရှိသည့် နိုင်ငံသားများ သိသိသာသာ တိုးတက်လာရေးပင်ဖြစ်သည်။ နိုင်ငံသားတစ်ဦးချင်း တိုးတက်မှုများလေလေ နိုင်ငံတိုးတက်လေ ဖြစ်သည့်အတွက် နိုင်ငံသားတိုင်း အထူးနိုးကြားကြိုးစားမည်ဆိုလျှင်နိုင်ငံ တိုးတက်ဖွံ့ဖြိုးမှု အမြန်ဆုံးဖော်ဆောင်နိုင်မည်ဖြစ်ပေသည်။
ရည်ညွှန်းကိုးကား- www.myanmar insider.com the role of vocational training in Myanmar’s development
http://en.wikipedia.org/wiki/list _of_ Arab_countries_by_population