၂၈ သြဂုတ်
အာဖရိကဆင်ရိုင်းမျိုးနွယ်တွေကို ဖမ်းဆီးပြီး တိရစ္ဆာန်ရုံပို့ခြင်းကို တားမြစ်သွားဖို့ အင်္ဂါနေ့က မဲခွဲဆုံးဖြတ်ရာ သဘောတူ အတည်ပြုခဲ့တဲ့အတွက် မကြာခင်မှာ တားမြစ်တော့မယ်လို့ CITES က ပြောပါတယ်။
ဂျီနီဗာမှာ ၁၂ ရက်ကြာ ကျင်းပနေတဲ့ မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်တွေနဲ့ သစ်ပင်ပန်းမန်တွေ နိုင်ငံတကာရောင်းဝယ်မှုဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင် (CITES) နိုင်ငံများဆွေးနွေးပွဲမှာ ထောက်ခံမဲ ၈၇ မဲ၊ ကန့်ကွက်မဲ ၂၉ မဲ နဲ့ ကြားနေမဲ၂၅ မဲ တို့ဖြင့် မဲခွဲရာ ထောက်ခံမဲက အနိုင်ရတဲ့အတွက် ပြဋ္ဌာန်းချက်ကို ပြုပြင်ဖို့ ရှိနေပါတယ်။ အခုပြင်ဆင်မှုကို ဇင်ဘာဘွေနိုင်ငံက ပြင်းပြင်ထန်ထန် ကန့်ကွက်ပြီး မဲခွဲမဆုံးဖြတ်ရန်လည်း ပိတ်ဆို့ရန် ကြိုးစားခဲ့ပါတယ်။
အာဖရိကဆင်ရိုင်းတွေကို သဘာဝအတိုင်းနေထိုင်ရန် စောင့်ရှောက်သွားနိုင်ရေးကို ရည်ရွယ်တာဖြစ်တဲ့အတွက် အာဖရိကဆင်ရိုင်းကို ဖမ်းဆီးပြီး ကမ္ဘာတစ်ဝှမ်းရှိ တိရစ္ဆာန်ရုံများနဲ့ ဖျော်ဖြေရေးနေရာများကို ပို့ဆောင်နေခြင်းကို ရပ်ဆိုင်းသွားဖို့ လုပ်ဆောင်ခြင်းသာ ဖြစ်ပါတယ်။
ဥရောပသမဂ္ဂကတော့ ပြဋ္ဌာန်းချက်မှာ ချွင်းချက်တစ်ခုအဖြစ် အာဖရိကဆင်တွေကို သူတို့ရဲ့ရေရှည်အကျိုးအတွက် မူလရေမြေသဘာဝအတိုင်း လုပ်ပေးနိုင်ရင် ပြောင်းရွေ့ခွင့်ရကြောင်း ထည့်သွင်းဖို့ ရှိနေပါတယ်။
ဇင်ဘာဘွေနိုင်ငံဟာ ၂၀၁၂ ခုနှစ်ကစပြီး ဆင်ပေါက်လေး ၁၀ဝ ကျော်ကို ဖမ်းဆီးပြီး တရုတ်နိုင်ငံက တိရစ္ဆာန်ရုံပို့ထားတယ်လို့ HIS ထုတ်ပြန်ချက်အရ သိရပါတယ်။
MDN
ကိုးကား - AFP
