၁၆ ဇွန်
တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံကြားက ဆက်ဆံရေးရုံးကို ဒီကနေ့ မွန်းလွဲပိုင်းက မြောက်ကိုရီးယားက ဖောက်ခွဲခဲ့ကြောင်း ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။
ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး ရုံးဟာ ၂၀၁၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံတွင်းမှာ တည်ရှိတာဖြစ်ပါတယ်။
အခုလို ဖောက်ခွဲမှုဟာ တောင်ကိုရီးယားနိုင်ငံကို မြောက်ကိုရီးယားနိုင်ငံရဲ့ စစ်ရေးဆိုင်ရာ ခြိမ်းခြောက် မှုတွေ ပြုလုပ်ပြီး နာရီပိုင်းအတွင်းမှာ ဖြစ်ပေါ်လာတာလို့ သိရပါတယ်။ ဒါ့အပြင် အခုဖောက်ခွဲမှုဟာ ခေါင်းဆောင်ကြီး ကင်ရဲ့ နှမတော်စပ်သူ ကင်ယိုဂျွန် ရဲ့ အမိန့်ဖြစ်ကြောင်း၊ မြောက်-တောင်ကြားက အသုံးမဝင်တဲ့ ဆက်ဆံရေးရုံးကို လုံးဝပြိုကျသွားတာမျိုးကို မြင်လိုကြောင်း အမိန့်ပေးခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရက ငွေကြေး ထောက်ပံ့ပေးထားတဲ့ ယုံဟပ်သတင်းဌာနက ကြေညာသွားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်း ရုံးက အလွတ်ဖြစ်နေကြောင်း သိရပါတယ်။
တောင်-မြောက်ကိုရီးယားနိုင်ငံကြားက တင်းမာမှုဟာ အခုသီတင်းပတ်တွေ အတွင်းမှာ ပိုမို ဆိုးရွား လာကိုတွေ့ရပါတယ်။ တောင်ကိုရီးယားနိုင်ငံကို ခိုလှုံခွင့် တောင်းခံထားတဲ့ မြောက်ကိုရီးယားတွေက ဝါဒါဖြန့်ချိရေး စာတွေနဲ့ တခြားပစ္စည်းတွေဖြစ်တဲ့ USB တွေကို မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ မိုးပျံပူးပေါင်းတွေမှာ ချိတ်ဆွဲပြီး မကြာခဏ လွှတ်ပို့လေ့ရှိပါတယ်။
MDN
ကိုးကား - AFP
