၃ မေ
ဒီနေ့(တနင်္ဂနွေနေ့)မှာ ကိုရီယားနှစ်နိုင်ငံ စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားနိုင်ငံဘက်ကနေ တောင်ကိုရီးယားနိုင်ငံဘက်ကို သေနတ်နဲ့ အချက်ပေါင်းများစွာ စတင်ပစ်ခဲ့တဲ့အတွက် တောင်ကိုရီးယား ဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဆိုးလ်က ထုတ်ပြန်ကြေညာပါတယ်။
အပြန်အလှန် သေနတ်သံတွေဟာ ရက်ပေါင်း (၂၀) လူမြင်ကွင်းကနေ ပျောက်ကွယ်တဲ့ မြောက်ကိုရီယားခေါင်းဆောင် ပုံပြန်ပေါ်လာပြီး နောက်တစ်ရက်မှာ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ကင်မ်ဂျုံအန်း လူမြင်ကွင်းကနေ ပျောက်သွားတဲ့အတွက်လည်း သူ့ကျန်းမာရေးနဲ့ ပတ်သတ်ပြီး အမျိုးမျိုးပြောနေခဲ့ပါတယ်။
တောင်ကိုရီးယား နယ်ကြားစောင့်တပ်နေရာကို မြောက်ကိုရီးက သေနတ်နဲ့အချက်ပေါင်းများစွာ ပစ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာ မရရှိကြောင်း၊ တောင်ကိုရီးဘက်ကနေ သတိပေးတဲ့အနေနဲ့ နှစ်ချက်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ပူးပေါင်းရေးအဖွဲ့က ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
၁၉၅၃ ခုနှစ်က ကိုရီယားစစ်ပွဲပြီးဆုံးခဲ့ပေမယ့် ကိုရီးယားနှစ်နိုင်ငံကြားမှာ စစ်ပွဲဟာ နည်းဗျူဟာအားဖြင့်တော့ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။
MND
ကိုးကား - AFP