တောင်အာဖရိက မူကွဲဗိုင်းရပ်စ်ပိုး အမေရိကန်နိုင်ငံမှာ တွေ့ရှိကြောင်း ထုတ်ပြန်

၂၉ ဇန်နဝါရီ

 

 

အမေရိကန် နိုင်ငံမှာ မူလကိုရိုနာ ဗိုင်းရပ်စ်ပိုးထက် ကူးစက်နှုန်းမြန်တဲ့ တောင်အာဖရိက မူကွဲဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

 

 

တောင်ကယ်ရိုလိုင်းနား ပြည်နယ်ရှိ အရွယ်ရောက်ပြီးသူ နှစ်ဦးမှာ တောင်အာဖရိက မူကွဲဗိုင်းရပ်စ်ပိုး B.1.351 တွေ့ရှိကြောင်း၊ ပိုးတွေ့ရှိသူ နှစ်ဦးလုံးဟာ ခရီးသွား ရာဇဝင် မရှိကြောင်းနဲ့ တစ်ဦးနဲ့တစ်ဦး ဆက်စပ်မှု မရှိကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

တောင်အာဖရိက မူကွဲဗိုင်းရပ်စ်ပိုးဟာ နိုင်ငံပေါင်း ၃၀ ကျော်မှာ တွေ့ပြီး ဖြစ်တဲ့အတွက် အမေရိကန် နိုင်ငံကိုလည်း ရောက်ရှိပြီးနိုင်ကြောင်း သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပြီး ဖြစ်ပါတယ်။

 

 

သိပ္ပံပညာရှင်တွေက ဗြိတိန် မူကွဲဗိုင်းရပ်စ်ပိုး B.1.1.7 ကို တောင်အာဖရိက မူကွဲပိုးထက်ပိုပြီး စိုးရိမ်နေကြပါတယ်။ ဗြိတိန် မူကွဲဗိုင်းရပ်စ်ပိုး အသစ်ကူးစက်ခံထားရသူ ဆယ်ချီပြီး အမေရိကန် နိုင်ငံမှာ ရှိနေပြီး ဖြစ်ပါတယ်။

 

 

မင်နီဆိုးတား ပြည်နယ်မှာ ဘရာဇီးနိုင်ငံကနေ လက်တလော ပြန်လည် ရောက်လာသူ တစ်ဦးမှာ ဘရာဇီး မူကွဲဗိုင်းရပ်စ်ပိုး P.1 ကူးစက်ခံထားရကြောင်း တာဝန်ရှိသူတွေက တနင်္လာနေ့မှာ ထုတ်ပြန် ကြေညာထားပါတယ်။

 

 

တောင်အာဖရိက မူကွဲဗိုင်းရပ်စ်ပိုး B.1.351 ကို Moderna နဲ့ Pfizer ထုတ် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေးက တိုက်ထုတ်နိုင်ကြောင်း သုတေသန စမ်းသပ်ခန်း အဖြေအရ သိရပါတယ်။

 

 

MDN

ကိုးကား - AFP