၂ ဖေဖော်ဝါရီ
ကိုဗစ်-၁၉ ကပ်ဘေးသင့် တောင်အာဖရိက နိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအသုတ် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
တောင်အာဖရိကတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူပေါင်း ၁ ဒသမ ၄၅ သန်းရှိပြီး ဒီဇင်ဘာလ အတွင်းက ဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ၎င်းကူးစက်မှုများမှာ ပျံ့နှံ့လျက်ရှိသည်။
ဂျိုဟန်နက်စ်ဘတ်မြို့ အနီးရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ယမန်နေ့က ကာကွယ်ဆေး ရောက်ရှိလာခဲ့ပြီး သမ္မတ ဆိုင်ရီရမန်ဖိုဆာ က ကြိုဆိုလက်ခံခဲ့သည်။
ပထမဆုံး ရောက်ရှိလာမည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအား ကျန်းမာရေး လုပ်သားများအား ဉီးစွာ ထိုးနှံပေးမည်ဖြစ်သည်။
တောင်အာဖရိကတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို COVAX နှင့် အခြားအစီအစဉ်များဖြင့်လည်း ရယူရန် ကြိုးစားလျက် ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်
