၆ မေ

တောင်အာဖရိကနိုင်ငံ၌ မေလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီများက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများ အပြီးသတ်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အာဖရိက အမျိုးသားကွန်ဂရက် ANC သည် ပထမဦးဆုံးသော ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ပွဲတွင်  သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပြီး ၁၉၉၄ ခုနှစ်ကတည်းက နိုင်ငံရေးအာဏာရှိခဲ့ကြောင်း သိရသည်။ အဆိုပါ အာဖရိက အမျိုးသားကွန်ဂရက် ANC  သည် လူမျိုးရေးခွဲခြားမှုဝါဒနှင့် လူမျိုးရေးဆိုင်ရာ မညီမျှမှုကို ဆန့်ကျင်သောလှုပ်ရှားမှုတွင် ဦးဆောင်ဦးရွက်ပြုခဲ့သည်။


အတိုက်အခံပါတီများအနက် တစ်ခုဖြစ်သော Economic Freedom Fighters ပါတီမှာ အခမဲ့ပညာရေး ပံ့ပိုးပေးမည်ဆိုသော ကတိပြုမှုကြောင့် ထောက်ခံမှု ရရှိနေကြောင်း သိရသည်။

၎င်းပါတီခေါင်းဆောင် ဂျုးလီယက်မာလီမာက ယမန်နေ့ကကျင်းပသည့် လူစုဝေးပွဲအတွင်း အာဖရိက အမျိုးသားကွန်ဂရက် ANC  အကျင့်ပျက်ချစားမှုကို ပြစ်တင်ဝေဖန်ခဲ့ပြီး သူခိုးများအုပ်ချုပ်မှုကျဆုံးရမည်ဟု ပြောဆိုခဲ့သည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို