ကိဗ်တောင်း  ဖေဖော်ဝါရီ  ၁၀

တောင်အာဖရိကအရှေ့ပိုင်း  ကိဗ်ပြည်နယ်တွင်  မကြာသေးမီက ဖြစ်ပွားခဲ့သော ပြင်းထန်သည့်ရာသီဥတုအခြေအနေများကြောင့် သေဆုံးသူငါးဦးအထိရှိလာပြီဖြစ်ကြောင်း အာဏာပိုင်များက  ဖေဖော်ဝါရီ  ၁၀ ရက်တွင် ပြောသည်။

အိုအာရ်တမ်ဘိုဒေသရှိ နေရာများတွင် ရက်အတန်ကြာ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်းနှင့်   မိုးသက်မုန်တိုင်းများ   ကျရောက်ခြင်းတို့ဖြစ်ပေါ်ခဲ့ပြီးနောက် ရာသီဥတုနှင့် ဆက်နွှယ်သည့် သေဆုံးသူဦးရေမြင့်တက်လာခြင်းဖြစ်သည်။ ရာသီဥတုဆိုးရွားပြင်းထန်မှုကြောင့် လူနေအိမ်ခြေ  ၂၆၀ ကျော်လည်း ပျက်စီးခဲ့သည်။ မြို့နယ်အုပ်ချုပ်ရေးမှူးက ရာသီဥတုဆိုးရွားပြင်းထန်မှုကြောင့် သေဆုံးခဲ့သည့် မိသားစုများထံ ဝမ်းနည်းကြောင်း သတင်းစကား ဖော်ပြခဲ့သည်။                                                                   

ဆင်ဟွာ