ဂျိုဟန်နစ္စဘတ်၊ ဖေဖော်ဝါရီ ၁

 

AKA ဟု လူသိများသော တောင်အာဖရိက၏ အကျော်ကြားဆုံး ရက်ပ်အဆိုတော်များထဲမှ တစ်ဦးဖြစ်သည့် ခါနန်ဖောဘိစ်သည် ဒါဘန်မြို့ အရှေ့တောင်ဘက်ရှိ စားသောက်ဆိုင်တစ်ခု၏ အပြင်ဘက်၌ အသေပစ်သတ်ခံရကြောင်း ဖေဖော်ဝါရီ ၁၁ ရက်တွင် ၎င်း၏မိသားစုက ပြောသည်။

 

တောင်အာဖရိကတွင် ဆုများစွာရရှိထားသော အသက် ၃၅ နှစ် အရွယ် အဆိုပါရက်ပ်အဆိုတော်သည် အမေရိကန်နိုင်ငံရှိ ဘလက်ခ်ဖျော်ဖြေရေးရုပ်သံဆု (ဘီအီးတီ) အတွက် အကြိမ်ပေါင်းများစွာ ဆန်ခါတင်စာရင်း တင်သွင်းခြင်း ခံခဲ့ရသူဖြစ်သည့်အပြင် အမ်တီဗွီဥရောပဂီတဆု အတွက်လည်း တစ်ကြိမ်ဆန်ခါတင် စာရင်းတင်သွင်းခြင်း ခံထားရ ကြောင်းသိရသည်။

 

စားသောက်ဆိုင်တစ်ခုမှ ၎င်းတို့၏ ကားရှိရာသို့ လမ်းလျှောက်ထွက်လာစဉ် အခြားအမျိုးသားတစ်ဦးနှင့်အတူ ခါနန်ဖောဘိစ်ကို ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်းက သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး လမ်းတစ်ဖက်မှ ၎င်းတို့ထံ လမ်း လျှောက်လာသော သံသယရှိသူနှစ်ဦးက အနီးကပ်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ ထိုသို့ ပစ်သတ်ရခြင်း၏အကြောင်းရင်းကို မသိရှိရသေးဘဲ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု ဆိုသည်။

 

အေအက်ဖ်ပီ