ကိတ်တောင်း ဒီဇင်ဘာ ၅
တောင်အာဖရိကနိုင်ငံသည် ကိုဗစ်-၁၉ မျိုးကွဲအိုမီခရွန် ကူးစက်မှုများပြားလာခြင်းနှင့် ရင်ဆိုင်နေရပြီး နေ့စဉ်ကူးစက်ခံရသူအရေအတွက်မှာ သုံးလ တာအတွင်း ပထမဆုံးအကြိမ်အဖြစ် ၁၀၀၀၀ အထိ ရှိလာခဲ့သည်။
နိုဝင်ဘာလအတွင်း ကိုဗစ်-၁၉ မျိုးကွဲကို တွေ့ရှိရပြီးနောက် တိုင်းပြည်အတွင်း အာဏာပိုင်များက သတိပေးသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သည်။
ဒီဇင်ဘာ ၂ ရက်တွင် ကိုဗစ်-၁၉ နောက်ထပ် ကူးစက်ခံရသူ ၁၁၅၃၅ ဦးရှိခဲ့သည်။ ယခင်ရက်များအတွင်း နေ့စဉ်ကူးစက်မှုမှာ ၃၀၀ အထက်သာရှိခဲ့ရာ ကူးစက်ခံရမှုအရေအတွက်မှာ တစ်ရှိန်ထိုးမြင့်မား လာခြင်းပင် ဖြစ်သည်။
တောင်အာဖရိကနိုင်ငံသည် ကိုဗစ်-၁၉ စတုတ္ထအကျော့နှင့် ရင်ဆိုင်နေရသည်ဟု ကျန်းမာရေးဝန်ကြီး ဂျိုးဖာလာက ပြောသည်။ အိုမီခရွန်ကူးစက်မှုကြောင့် ယခုလိုကူးစက်မှုများ တစ်ရှိန်ထိုးမြင့်မားလာခြင်းပင် ဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့ သည်။
နိုဝင်ဘာလအတွင်း နောက်ထပ်ကူးစက်ခံရသူ ၂၄၉ ဦး၏ နမူနာများကို လေ့လာရာ ဒယ်လ်တာ ကူးစက်ခံရသူ ၂၂ ရာခိုင်နှုန်းရှိပြီး ၇၄ ရာခိုင်နှုန်းမှာ အိုမီခရွန်ကူးစက်ခံရသူများဖြစ်သည်ဟု ကျန်းမာရေးအာဏာပိုင်များက ပြောသည်။ ။
တောင်အာဖရိက၌ ၃၀ ရာခိုင်နှုန်းသာ ကာကွယ်ဆေးထိုးရသေးသည်။ အိုမီခရွန်မျိုးကွဲမှာ ကူးစက်မှု အလွန်လျင်မြန်သည်ဟု သုတေသနရလဒ်များအရ သိရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ကာကွယ်ဆေးထိုးခြင်းကသာလျှင် ဆိုးဆိုးရွားရွားဖျားနာခြင်းမှ အကာအကွယ်ပေးနိုင်သည်ဟု ၎င်းက တိုက်တွန်းထားသည်။
အင်န်အိတ်ချ်ကေ