ဩဂုတ်

တောင်အာဖရိကနိုင်ငံတွင် ယမန်နေ့မွန်းလွဲပိုင်းက ကျောင်းကားတစ်စီးနှင့် ရထားတစ်စင်းတို့တိုက်မိသဖြင့် ကျောင်းသားငါးဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အာဏာပိုင်များက ပြောကြားသည်။

အဆိုပါမတော်တဆမှုသည် တောင်အာဖရိကအရှေ့ပိုင်း Mpumalanga ပြည်နယ် Middelburg မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးဌာနကပြောကြားသည်။ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ကားဆရာမှာ ထိုနေရာမှထွက်ပြေးသွားကြောင်းနှင့် ရထားမောင်းသူနှင့် ရထားဝန်ထမ်းများမှာ ဒဏ်ရာရရှိမှုမကြောင်း ဖော်ပြထားသည်။

ယာဉ်မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းကိုသိရှိရန် စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေဆဲဖြစ်ကြောင်းသိရသည်။  ဇူလိုင်လအစောပိုင်းက  Gauteng ပြည်နယ် Johannesburg အနီးတွင် မီနီဘတ်စ်နှင့်ထရပ်ကားတို့တိုက်မိခဲ့ရာ ယာဉ်မောင်းတစ်ဦးနှင့် ကျောင်းသား ၁၂ ဦးအပါအဝင် ၁၃ ဦး သေဆုံးခဲ့ပြီး အခြား ခုနစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို