အခြားအာဖရိကတိုင်းပြည်များမှ နိုင်ငံခြားသား လုပ်ငန်းရှင်များကို အဓိက ပစ်မှတ်ထားပြီး လုယက်ခြင်းနှင့် မီးရှို့မှုများကို တောင်အာဖရိကရှိ အဓိက မြို့များတွင် ပြုလုပ်လျက်ရှိသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ငါးဦးသေဆုံးခဲ့ပြီး တိုက်ခိုက်သူ ၁၈၀ကို ဖမ်းဆီးမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

မြို့တော် ပရီတိုရီယာနှင့် နိုင်ငံ၏ အကြီးဆုံးမြို့တော်ဖြစ်သည့် ဂျိုဟန်နက်စဘာတို့တွင်လည်း အလားတူ တိုက်ခိုက်မှုမျိုးဖြစ်ပွားခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဖော်ပြခဲ့သည်။ 

မီးလောင်ကျွမ်းနေသည့် အဆောက်အဦများကို မီးသတ်သမားများက ငြှိမ်းသတ်ရန် ကြိုးစားနေပုံများ နှင့် စတိုးဆိုင်မှ ပစ္စည်းများ လုယက်နေပုံများကို ဗွီဒီယိုဖိုင်တွင် ပြသထားသည်။ 

အီသီယိုပီးယားလုပ်ငန်းရှင်တစ်ဦးက ၎င်းသည် ညဉ့်နက်မှ မိမိ၏ ဆိုင်သို့ ပြန်လည်ရောက်ရှိလာကြောင်း ၎င်း၏ ဆိုင်တစ်ဆိုင်လုံးကို မွှေနှောက်ရှာဖွေထားကြောင်း အီသီယိုပီးယားလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
 
တောင်အာဖရိကတွင် အလုပ်လက်မဲ့နှုန်းမြင့်မားခြင်းနှင့် ဝင်ငွေမညီမျှများ ဖြစ်ပေါ်လျက်ရှိသည်။

စီးပွားရေးလုပ်ငန်းများကို ရပ်ဆိုင်းထားရှိရန် ၎င်းတို့၏ နိုင်ငံသားများကို အီသီယိုပီးယားအစိုးရက တိုက်တွန်းလျက်ရှိသည်။ 

တိုင်းပြည်အတွင်း ထရပ်ကားမောင်းသမားများကို ဝင်ခွင့်မပေးရန် ဇန်ဘီအစိုးရက သတိပေးလျက်ရှိသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်