ကိတ်တောင်း ဇွန် ၁၅

 

တောင်အာဖရိကနိုင်ငံသည် မိုးခေါင်မှုဒဏ်ကို ခါးစည်းခံနေရသည့်အပြင် ပြည်တွင်းရေလှောင်ကန်များလည်း ခြောက်သွေ့လာသည့်အတွက် ဇွန် ၁၃ ရက်မှစတင်ကာ မြို့နယ်အများအပြားတွင် ရေသုံးစွဲမှုကို လျှော့ချလိုက်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်အရ သိရသည်။ ။

 

ဇွန် ၁၃ ရက်မှ စတင်ကာ မြို့နယ်များ၌ နေ့စဉ်ရေသုံးစွဲမှု ခြောက်နာရီကြာ ဖြတ်တောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဒေသတွင်း ရေလှောင်ကန် တစ်ခုဖြစ်သည့် အင်ပိုဖူရေလှောင်ကန် ခန်းခြောက်ပြီးနောက် အဆိုပါ ရေခွဲတမ်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

 

အဆိုပါ ဖြတ်တောက်ခံထားရသော မြို့နယ်များသည် ရေမျက်နှာပြင် ၁၀ ရာခိုင်နှုန်းအောက်ရောက်နေသော ချာချီလ် ရေလှောင်တမံကို အလုံးစုံမှီခို အားထားနေရပြီ ဖြစ်ကြောင်း၊ ထို့အပြင် မိုးမရွာခဲ့ပါက အဆိုပါ ချာချီလ် ရေလှောင်တမံသည် ရက်သတ္တ သုံးပတ်အကြာတွင် ခန်းခြောက်သွားနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

 

ဆင်ဟွာ