စဉ့်ကူး ၂၂ နိုဝင်ဘာ
လျှပ်စစ်နှင့်စွမ်းအင်ဝန်းကြီးဌာနမှ တစ်နိုင်ငံလုံးရှိအိမ်ထောင်စု (၅၀)ရာခိုင်နှုန်း မီးလင်းပေးနိုင်ခြင်း ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးလျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့ နယ် တောင်အင်းကျေးရွာရှိ မီးသုံးစွဲသူ (၁၁၈) ဦးအား မီတာများအလုံးအရင်းဖြင့် အိမ်သုံးမီများတာတပ်ဆင် ပေးခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၁ ရက် နံနက် ၉ နာရီက အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လျှစ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မန္တလေးဓာတ်အားကော်ပိုရေးရှင်းမှ အဆိုပါတောင်အင်းကျေးရွာသို့ NEP Phase 1 ဖြင့် 11 KV ဓာတ်အားလိုင်း ၁ ဒသမ ၈၅ မိုင် 11/0.4 KV 200 KVA ထရန်စဖော်မာတစ်လုံးကို တည် ဆောက်ပေးခဲ့ပြီး ကျေးရွာတွင် ၄၀ဝ ဗို့ ဓာတ်အားလိုင်းများကို ကျေးရွာပြည်သူများ၏ ထည့်ဝင်ငွေ ကျပ်သန်း (၇၅၀)ဖြင့် အကုန်အကျခံတည်ဆောက်ပြီးစီးခဲ့ပြီး ယခုအခါ ကျေးရွာပြည်သူများ လျှပ်စစ်မီးများပြည့်ဝစွာ သုံးစွဲနိုင်ကြပြီး အဆိုပါကျေးရွာပြည်သူများ၏ လူမူစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာတော့မည် ဖြစ်ကြောင်း သိရသည်။
ဝင်းမောင် (စဉ့်ကူး)


