ဂျူဘား၊ အောက်တိုဘာ   

 

တောင်ဆူဒန်နိုင်ငံ၌  ရေကြီးရေလျှံမှုများကြောင့်   လူပေါင်း ၈၉၀၀၀၀ ကျော်  ထိခိုက်ခဲ့ကြောင်းနှင့်  အဆိုပါ ရေကြီးရေလျှံမှုအပေါ် တုံ့ပြန်ဆောင်ရွက်မှုကို  အတိုင်းအတာတစ်ခုအထိ တိုးမြှင့်လိုက်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက အောက်တိုဘာ ၄ ရက်တွင် ပြောကြားသည်။

 

တောင်ဆူဒန်မြို့တော် ဂျူဘားအပါအဝင် ရေလွှမ်းမိုးမှုများကြောင့် ခရိုင် ၄၂ ခုတို့တွင် လူပေါင်း ၂၂၆၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂကယ်ဆယ်ရေးအေဂျင်စီကထုတ်ပြန်သော နောက်ဆုံး အချက်အလက်များအရ သိရသည်။

 

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ အဆိုအရ တောင်ဆူဒန်နိုင်ငံသည် ပျမ်းမျှမိုးရွာသွန်းမှု၊ မြစ်ရေစီးကြောင်းနှင့် စံချိန်တင်ရေလွှမ်းမိုးမှုများ ဖြစ်နိုင်ကြောင်း ခန့်မှန်းချက်များနှင့်အတူ တောင်ဆူဒန်တွင် မကြုံစဖူးရေလွှမ်းမိုးမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ ပျက်စီးသွားသော လမ်းများကြောင့် ထိခိုက်ပျက်စီးနေသော ရပ်ရွာများသို့ သွားလာခွင့်ရရှိရေးသည် စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေကြောင်း အဆိုပါအေဂျင်စီက ပြောကြားသည်။

 

တောင်ဆူဒန်နိုင်ငံ၌ မေလတွင်စတင်ခဲ့သည့် ရေကြီးရေလျှံမှုကြောင့် နေအိမ်များ၊ ကောက်ပဲသီးနှံများနှင့် အခြေခံအဆောက်အအုံများ ပျက်စီးကာ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ နှောင့်နှေး ကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ပြီးနောက် ရေလွှမ်းမိုးမှု အရေးပေါ်တုံ့ပြန်ရေးအတွက် ကုလသမဂ္ဂက အမေရိကန်ဒေါ်လာ ၁၅ သန်း ခွဲဝေပေးခဲ့ကြောင်း သိရသည်။  

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-အလင်းသစ်