ဂျူဘား  ဩဂုတ် ၁၉

 

တောင်ဆူဒန်ရှိ အကူအညီပေးရေး လုပ်သားများအား   ဘေးကင်းရေး နှင့်   လုံခြုံရေးကို    ဦးစားပေး လုပ်ဆောင်ရန် သက်ဆိုင်သူ အားလုံးကို ကုလသမဂ္ဂကယ်ဆယ်ရေး အေဂျင်စီက ဩဂုတ် ၁၉ ရက်တွင် တိုက်တွန်းလိုက်သည်။

 

တိုက်ခိုက်ခံရမှု ၂၄ ကြိမ်ရှိ

 

တောင်ဆူဒန် နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အလုပ်သမားများ တိုက်ခိုက်ခံရမှု  ၂၄ ကြိမ်ရှိခဲ့သဖြင့် ၎င်းတို့အတွက် အန္တရာယ်ရှိသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း တောင်ဆူဒန် နိုင်ငံအတွက် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး အနီတာကီကီဘယ်ဟိုက ပြောကြားသည်။

 

အကြမ်းဖက်မှု ၁၃၅ မှုရှိ

 

ဇန်နဝါရီလမှ ဇူလိုင်လအတွင်း  လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းတွင်  ထိခိုက်မှု ၂၆၇ ခုရှိခဲ့ပြီး လုယက်မှုနှင့် ခိုးယူမှု ၂၈ မှု အပါအဝင် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ပိုင်ဆိုင်မှုများကို တိုက်ရိုက်အကြမ်းဖက်မှု ၁၃၅ မှုရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (အိုစီအိတ်ချ် အေ)က ဆိုသည်။

 

သန်းပေါင်းများစွာထိခိုက်မည်

 

အကူအညီပေးရေး လုပ်သားများအတွက် ဘေးကင်းလုံခြုံသော နေရာမရှိပါက ၎င်းကို မှီခိုနေရသူ သန်းပေါင်းများစွာကို ထိခိုက်စေမည်ဖြစ်ကြောင်း ကမ္ဘာ့လူသားချင်းစာနာ ထောက်ထားမှုနေ့ အထိမ်းအမှတ်အဖြစ် မြို့တော် ဂျူဘား၌ ဘယ်ဟိုက ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

 

ဆင်ဟွာ