ရန်ကုန် ၁၈ မေ

 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၌ ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ယမန်နေ့က တစ်ဦးသေပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

 

ဖြစ်စဉ်မှာ တောင်ဒဂုံမြို့နယ်၊ (၁၇)ရပ်ကွက်၊ အမှတ်(၂)လမ်းအတိုင်း အနောက်မှအရှေ့ (ရန်ကုန်ဘက်မှ လှည်းကူးဘက်) သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော ယာဉ်သည် တပ်ရင်း(၅၃၃)ရှေ့အရောက် ၎င်းရှေ့မှ ကိုကျော်သန်း စီးလာသည့် ဆိုင်ကယ်အား နောက်မှတိုက်မိပြီး မောင်းနှင်ထွက်ပြေးသွားခြင်းဖြစ်သည်။

 

 ဖြစ်စဉ်ကြောင့် ဆိုင်ကယ်စီးသူ ကိုကျော်သန်းတွင် ဒဏ်ရာရရှိ၍ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တင်ပို့ ကုသခဲ့ရကာ ဆိုင်ကယ်နောက်မှ ထိုင်စီးလိုက်ပါလာသူ မသင်းသင်းခိုင်မှာ ဒဏ်ရာများရရှိကာ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့သည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်ထွက်ပြေးသူ ယာဉ်မောင်းအား  စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ချယ်ရီ