နေပြည်တော်  ၄ မေ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ တောင်ကြီးမြို့မရဲစခန်း (ပ)၇၉၃/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၉၄ အမှုမှ တရားခံ တင်အုံး(ခ)အိုက်အုံး၏ အစစ်ခံဖော်ထုတ်ချက်အရ ပြစ်မှုကျူးလွန်ရာမှရရှိသော ရွှေထည်ပစ္စည်းမျိုးစုံနှင့် ငွေများကို ပြန်လည်သိမ်းဆည်းရမိကြောင်း သတင်းများတွင် ဖော်ပြထားရှိခဲ့ပြီး ဖြစ်သည်။

 

mdn

 

တရားခံ တင်အုံး(ခ)အိုက်အုံးအား ထပ်မံစစ်ဆေးဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်ရာမှရရှိခဲ့သော အလေးချိန် (၅၅)ကျပ်သားခန့်ရှိ  ရွှေချောင်း (၅)ချောင်းအား မေ ၃ ရက် နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ်၊ အထက်မြင်းကွင်းကျေးရွာရှိ ၎င်း၏နေအိမ်အခန်း ဖျာအောက်မှ ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

MDN