တောင်ကြီး နိုဝင်ဘာ ၅
၂၀၂၂ ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၄ ရက် ညနေပိုင်းက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အမှာစကားပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးချုပ်တင်ကိုကို၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်တို့က ပွဲတော်ကျင်းပရေးနှင့် ပတ်သက်၍ ဆွေးနွေးကြပြီး တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက မသိုးသင်္ကန်း ရက်လုပ်ခြင်း၊ ဆက်ကပ်ခြင်းနှင့် မီးပုံးပျံလွှတ်တင်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြီး လုပ်ငန်းဆပ်ကော်မတီများက အသီးသီးဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်စကား ပြောကြားသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၆ ရက်မှ ၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မသိုးသင်္ကန်း ရက်လုပ်ပူဇော်ခြင်း၊ မီးပဒေသာလှည့်လည်ခြင်း၊ မီးပုံးပျံနေ့လွတ်အရုပ် ခြေနှစ်ချောင်း၊ ခြေလေးချောင်းပြိုင်ပွဲ၊ စိန်နားပန် မီးပုံးပျံများ လွတ်တင်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)