တောင်ကြီး မေ ၅
(၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို မေ ၅ ရက် နံနက်ပိုင်းက တောင်ကြီးခရိုင် မီးသတ်စခန်း၊ တောင်ကြီး-ဟိုပုံးမြို့အထွက် (၂)မိုင်၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အမှာစကား ပြောကြားပြီး ဆုချီးမြှင့်ပွဲ ကျင်းပရာ စခန်းသာယာလှပရေး၊ စံပြမီးသတ်စခန်းဆုရရှိသော တောင်ကြီးခရိုင်၊ ပင်းတယမြို့နယ်မီးသတ်စခန်း၊ လောက်ကိုင်ခရိုင် မီးသတ်စခန်းမှ တပ်ကြပ်ကြီးဇေယျာလင်းအား ရေတွင်းအသက်ကယ်ဂုဏ်ပြုဆု၊ အဆင့်မြင့်ကွန်ပျူတာသင်တန်းတွင် ထူးချွန်ဆုရရှိသော တောင်ကြီးခရိုင် မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးထက်ဝေယံပိုင်အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဆုချီးမြှင့်သည်။
ထို့နောက် Arizona Vortex Kitကို အသုံးပြုပြီး တောင်စောင်း၊ ချောက်ကမ်းပါးထဲသို့ ပြုတ်ကျနေသည့် လူများအား ရှာဖွေကယ်ဆယ်ခြင်း၊ Rescue Power Ascender ကို အသုံးပြု၍ ချောက်ကမ်းပါးထဲမှ လူနာအား ကယ်ဆယ်ခြင်း၊ Air Rescue Cushion ကို အသုံးပြု၍ အထပ်မြင့်အဆောက်အအုံပေါ်မှ ရှာဖွေကယ်ဆယ်ခြင်း၊ Gas မီးလောင်မှုအား 3D Nozzle အသုံးပြု၍ ရေဖြင့်မီးငြှိမ်းသတ်ခြင်း၊ ဆီမီးလောင်မှုအား(Water Mist ကျောလွယ်) မီးငြှိမ်းသတ်ရေးကိရိယာဖြင့် ငြှိမ်းသတ်ခြင်းနှင့် ပိုလန်နိုင်ငံထုတ် Volov Medium Fire Fighting Truck ဖြင့် Foam ဆေးရည်အသုံးပြု၍ မီးငြှိမ်းသတ်မှုတိူ့ကို သရုပ်ပြသပြီး ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာနှစ် ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းထားသည့် မီးသတ်ယာဉ်များမှ Water Curtain /Water Hummer တို့ကို ဆေးရောင်စုံထည့်ပြီး စွမ်းရည်ပြသကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့နှင့် အထက(၄) ဘင်ခရာတပ်ဖွဲ့ တို့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ ပြည်နယ်မီးသတ်တပ်ဖွဲ့မှူးနှင့် ဘခင်ရာတပ်ဖွဲ့ အုပ်ချုပ်သူဆရာမတို့မှ အသီးသီးလက်ခံရယူကြသည်။
ယင်းနောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းထားသည့် မီးသတ်ယာဉ်များအား ပြည်နယ်ဝန်ကြီးချုပ်က လွှဲပြောင်းပေးအပ်ရာ ပြည်နယ်မီးသတ်တပ်ဖွဲ့ ပြည်နယ်ဦးစီးမှူးက လက်ခံယူပြီး မီးသတ်ယာဉ်အား ကြည့်ရှုကာ ခင်းကျင်းပြသထားသော မီးငြိမ်းသတ်ရာတွင် အသုံးပြုသည့် ပစ္စည်းများပြခန်းအား လှည့်လှည်ကြည့်ရှုခဲ့သည်။
မောင်မောင်သန်း(တောင်ကြီး)