တောင်ကြီး   ဒီဇင်ဘာ ၃

             

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ လူထုစုပေါင်း လမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲကို ယနေ့ နံနက်(၆)နာရီက တောင်ကြီးမြို့ ပြည်နယ် အားကစားကွင်း၌ ကျင်းပသည်။

 

အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က တာလွှတ်ပေးပြီး ပြည်နယ်အားကစားကွင်းအတွင်း လမ်းလျှောက်ကြ၍ ကိုယ်လက်သွေးပူ လေ့ကျင့်ခန်း အတွဲ(၁) အမှတ်(၂) ပြုလုပ်ကြပြီး အကြောဖြေ လေ့ကျင့်ခန်းများ ဆောင်ရွက်ကြသည်။

 

ဆက်လက်၍ ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ကျောင်းသား ကျောင်းသူများက မုန့်စားပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ပူစီပေါင်းဖောက်ပြိုင်ပွဲ၊ မီတာ(၁၀၀)၊မီတာ(၂၀၀)၊ မီတာ(၄၀၀)အပြေးပြိုင်ပွဲ၊ ခြေ(၃)ချောင်းထောက်ပြိုင်ပွဲ၊ မီတာ(၁၀၀×၄၀၀) လက်ဆင့်ကမ်း ပြိုင်ပွဲ၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတန်ပစ်ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုပေးပွဲကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က မုန့်စားပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဆုများချီးမြှင့်ပေးကြသည်။

 

ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီး ချုပ်ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ် အမျိုးသမီး ဘောလုံးအသင်း အောင်နိုင်ရေးအလံပေးအပ်ခြင်းကို ယနေ့နံနက်(၇)နာရီတွင် တောင်ကြီးမြို့ ပြည်နယ်အားကစား ကွင်း၌ ကျင်းပသည်။

 

ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် အမျိုးသမီးဘောလုံးလက်ရွေးစင်အသင်းကို အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေ ကျပ် (၁၀၂၅၀၀၀၀ိ/) ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)