တောင်ကြီး ဒီဇင်ဘာ ၂၄
ဒီဇင်ဘာလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲကို ဒီဇင်ဘာ၂၄ ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
လူထုစုပေါင်းလမ်းလျှောက်ပွဲကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက တာလွှတ်ပေးပြီး ပြည်နယ်အားကစားကွင်းအတွင်း လေးပတ်လမ်းလျှောက်ကြကာ ကိုယ်လက်သွေးပူလေ့ကျင့်ခန်း အတွဲ(၁) အမှတ်(၂)ကို ပြုလုပ်ကြသည်။ ထို့နောက် ဒီဇင်ဘာလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ အထိမ်းအမှတ် တောင်ကြီးမြို့ပေါ်ရှိ ကျောင်းပေါင်းစုံ အေးရိုးဗစ်ပြိုင်ပွဲ ကျင်းပရာ ပြိုင်ပွဲဝင်အသင်း ၁၃ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိ ရသည်။
မောင်မောင်သန်း(တောင်ကြီး)