တောင်ကြီးမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲကျင်းပ

တောင်ကြီး ၁၃ ဧပြီ 

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို မြို့မဈေးတောင်ဘက် ဗဟိုမဏ္ဍပ်တွင် ယနေ့ ညနေ ၄ နာရီက ပြုလုပ်ခဲ့သည်။

 

55

 

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးတင်ဦး၊ ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်း၊ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ယိမ်းအကအဖွဲ့များ၊ အခြေခံပညာ ကျောင်းများမှာ ကျောင်းသားကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

 

88

 

တောင်ကြီးမြို့၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးတင်ဦးနှင့် ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး၊ မန်းတောင်ရိပ်ခို (မြနန္ဒာ) တေးသီချင်းကို စုပေါင်းသီဆို၍ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များအားလုံး အဖွဲ့လိုက် ပါဝင်ကပြခဲ့သည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် သင်္ကြန်ယိမ်းအဖွဲ့များက ဧည့်ခံ ဖျော်ဖြေသည့် သင်္ကြန်ယိမ်းအဖွဲ့များအား သင်္ကြန်ရေပက်ဖျန်းပြီး အခမ်းအနားကို အောင်မြင်စွာ ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။

 

စိုင်းသန်းကျော်(တောင်ကြီး)