တောင်ကြီးမြို့၌ သင်္ကြန်အတက်နေ့တွင် ရေကစားသူများနှင့် စည်ကားလျက်ရှိ

တောင်ကြီး  ၁၆  ဧပြီ 

 

မြန်မာသက္ကရာဇာ ၁၃၈၀ ပြည့်နှစ် မြန်မာရိုးရာ မဟာသင်္ကြန်ပွဲတော်ကို တောင်ကြီးမြို့၌ ရေကစားသူများဖြင့် စည်ကား ခဲ့ကြောင်း  သိရသည်။ အတက်နေ့ နံနက်ပိုင်းမှစ၍ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းကန်များ၊ စေတီ ပုထိုးများတွင် ဆွမ်း၊ ရေချမ်း၊ ဆီးမီးများ၊ လှူဖွယ်ပစ္စည်းများ ကပ်လှူပူဇော်ခဲ့ကြသည်။

 

1

 

တောင်ကြီးမြို့ပေါ်ရပ်ကွက်များနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း တစ်လျှောက်များတွင် ရေကစားမဏ္ဍပ်၊ ရေသဘင် မဏ္ဍပ်များတွင် ယိမ်းအက၊ အဆိုတော်များ၊ တေးဂီတများ၊ ဖျော်ဖြေရေး အစီအစဉ်များဖြင့် နေစဉ်၊ ညစဉ် ဖျော်ဖြေ ပေးသွားပြီး သင်္ကြန်ချစ်သူများနှင့် ပြည်သူများ ပျော်ရွှင်ချမ်းမြေ့စွာရေကစားခဲ့ကြကြောင်း သိရသည်။

 

22

 

သင်္ကြန်အတတ်နေ့တွင် တောင်ကြီးမြို့၏ အထင်ကရနေရာဖြစ်သော စူဌာမုနိလောကချမ်းသာ စေတီတော်၊ ရွှေဘုန်းပွင့်စေတီ၊ မြစိမ်းတောဘုရားများတွင် ဒေသခံပြည်သူများ အနယ်နယ်အရပ်ရပ်မှ အလည်အပတ် လာရောက်ကြသူ ဘုရားဖူးဧည့်သည်များနှင့် စည်ကားလျက်ရှိပြီး တောင်ကြီးမြို့ပေါ်များနှင့် ကျေးရွာများတွင်လည်း အလွန်စည်ကားပြီး ပျော်ရွှင်စွာ ရေကစားကြကြောင်းသိရသည်။

 

စိုင်းသန်းကျော်(တောင်ကြီး)