နေပြည်တော် မတ် ၁၂

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၁ ရက် မွန်းလွဲ ၃ နာရီတွင် တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ မင်္ဂလာအောင်မြေရပ်ကွက်ရှိ ကြည်စိုး(ခ)ပေါက်ခေါ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၃,၂၀၀၊ မြန်မာ ငွေကျပ် ၂၃ သိန်း သိမ်းဆည်း ရမိခဲ့သဖြင့် ကြည်စိုး() ပေါက်ခေါ(၅၈)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ  အရေးယူထားကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)