တောင်ကြီး ဧပြီ ၁
၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဒုတိယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ စာစစ်ဌာနအသီးသီး၌ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုခဲ့ကြသည်။ တောင်ကြီးမြို့နယ်တွင် စာစစ်ဌာန ၁၅ ခုရှိပြီး တောင်ကြီးမြို့ရှိ စာစစ်ဌာန ကိုးခုတွင် ကျောင်းသား ကျောင်းသူ ၁၉၄၆ ဦး၊ အေးသာယာမြို့ရှိ စာစစ်ဌာနှစ်ခုတွင် ကျောင်းသား ကျောင်းသူ ၆၉၃ ဦး၊ ရွှေညောင်မြို့ရှိ စာစစ်ဌာန သုံးခုတွင် ကျောင်းသား ကျောင်းသူ ၉၀၇ ဦး၊ ကျောက်တလုံးကြီးမြို့ရှိ စာစစ်ဌာနတွင် ကျောင်းသား ကျောင်းသူ ၁၇၁ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၇၁၇ ဦး ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး ဧပြီ ၁ ရက်တွင် ကျောင်းသား ကျောင်းသူ ၃၄၁၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်


