တောင်ကြီး  ဩဂုတ်        ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူများပြားလာသဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၀ ရက်က Stay at home ကာလအတွင်း သတ်မှတ်စည်းကမ်းလိုက်နာမှုမရှိသူ ၁ ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက Stay at home အစီအစဉ် တွင်ပါဝင်သည့် တောင်ကြီးမြို့နယ်အတွင်းသို့ အခြားမြို့နယ်များမှ ပြည်သူများ နယ်မြေကျော်ဖြတ်သန်းခြင်း၊ မြို့နယ်အတွင်းရှိပြည်သူများ ဈေးဝယ်ထွက်ခြင်းနှင့် ဆေးရုံဆေးခန်း သွားရောက်ပြသခြင်းတို့အတွက် နေအိမ်ပြင်ပထွက်ခွာခွင့် ကတ်ပြားများ၊ ဝန်ထမ်းများက ဝန်ထမ်းကတ်ပြားများ ယူဆောင်၍ Stay at home ကာလသတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများနှင့်အညီ သွားလာမှုရှိ/မရှိ မြို့နယ်အတွင်း ဈေးများ၊ လမ်းဆုံများ၊ မော်တော်ယာဉ်ဂိတ်များ၊ စားသောက်ဆိုင်များနှင့် လူသွားလာများသည့် နေရာများတွင် စစ်ဆေးခဲ့ပြီး စည်းကမ်းလိုက်နာမှုမရှိသူ ၁ ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဉပဒေပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)