နေပြည်တော်၊ နိုဝင်ဘာ ၂
တောင်ကြီးမြို့နယ်နှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၁ နာရီတွင် တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာအုပ်စု၊ ဖက်နံကျေးရွာနေ နိုင်လင်းထက် ၏ လယ်တဲသို့ ဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိရဘဲ ဖိုးသဲ၊ အောင်ဘိုဟိန်း၊ ဇော်ထက်အောင် နှင့် မျိုးကိုကိုထိုက် တို့ ၄ ဦးအား တွေ့ရှိရပြီး ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၇၅၀ နှင့် မြန်မာငွေကျပ် သုည ဒသမ ၅၆ သိန်းတို့ကို လည်းကောင်း၊ ထို့အတူ နိုဝင်ဘာ ၁ ရက် နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် တာချီလိတ် မြို့နယ်၊ မိုင်းဖုံး(ခ)ကျေးရွာအုပ်စု၊ ဝမ်ဆောက်ခုံကျေးရွာနေ တီးတိုး(ခ)ဆမ်ခမ်း ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ နှင့် အိုက်စ် သုည ဒသမ ၀၃ ကီလိုတို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ည ၇ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တာချီလိတ် မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် အားဆက်ယာ မောင်းနှင် လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water ၅ ဒသမ ၄ ကီလို ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေး ဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(သတင်းစဉ်)