တောင်ကြီး မတ် ၁၈
၂၀၂၂ ခုနှစ်၊ မတ်နှင့် ဧပြီတွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် ဖွင့်လှစ်မည့် စာစစ်ဌာန (၁၅)ခုမှ ကျောင်းသား၊ ကျောင်းသူပေါင်း (၃၇၁၇)ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲသို့ တောင်ကြီးမြို့စာစစ်ဌာန (၉) ခုမှ ကျောင်းသား၊ ကျောင်းသူ (၁၉၄၆) ဦး၊ အေးသာယာမြို့စာစစ်ဌာန (၂) ခုမှ ကျောင်းသား၊ ကျောင်းသူ (၆၉၃) ဦး၊ ရွှေညောင်မြို့စာစစ်ဌာန (၃) ခုမှ ကျောင်းသား၊ ကျောင်းသူ (၉၀၇) ဦး၊ ကျောက်တလုံးကြီးမြို့ စာစစ်ဌာနမှ ကျောင်းသား၊ ကျောင်းသူ (၁၇၁) ဦးတို့ ဝင်ရောက်ဖြေဆိုရန် စာရေးပေးသွင်းထား ကြောင်း သိရသည်။
တောင်ကြီးမြို့နယ်အတွင်း စာစစ်ဌာန (၁၅) ခုမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် အတွင်းဖြေ (၂၄၄၀) ဦး၊ ပြင်ပဖြေ (၁၂၇၇) ဦး စာရင်းပေးသွင်းထားကြောင်းနှင့် စာမေးပွဲအား ၂၀၂၂ ခုနှစ်၊ မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်နိုင်လင်း


