တောင်ကြီး၊ ၂၅ ဒီဇင်ဘာ
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီး ဌာနက ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာရွေးချယ်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းငွေ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းလတ်၊ အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သူရအောင်နှင့် တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်တို့က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းနိုင် က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောင်ကြီးမြို့နယ် အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာနှစ်ရွာတွင် လည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို ကျေးရွာ ၂၀ တွင်လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ခွင့်ပြုချက်ရရှိပြီး ဖြစ်ပါကြောင်း၊ သို့ပါ၍ အဆိုပါ စီမံကိန်း ကျေးရွာများကို သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ ရွေးချယ်ပေးကြစေလိုကြောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် လွှတ်တော်မှ ကိုယ်စားလှယ်များ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကျေးရွာနှစ်ရွာအား လည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် သတ်မှတ် ချက်များနှင့် ကိုက်ညီသည့် ကျေးရွာ ၂၀ ကိုလည်းကောင်း ဦးစားပေးအလိုက် ပဏာမ အတည်ပြုရွေးချယ်ခဲ့ ကြောင်း တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ဂျိုင်းလော(သတင်းစဉ်)


